ep.11(Uni)

1.1K 84 3
                                    

"သားငယ်"

"ဟုတ်ကဲ့ဖွားဖွားပြောပါ"

"သားငယ်အစကတည်းကသိနေတယ်မလားဒါနဲ့များဘာကြောင့် ဒီကအဖွားအိုကိုလက်ခံထားတာလဲ"

"ဟုတ်ကဲ့....အဲ့နေ့ကတည်းကဖွားဖွားအင်္ကျီအိတ်ထဲကလိပ်စာကဒ်ကိုကျွန်တော်တွေ့ပါတယ်
အစကတော့ အိမ်ကိုပြန်ပို့ပေးဖို့ကျွန်တော်တွေးထားခဲ့ပေမယ့်
ဘာကြောင့်များကျွန်တော်ဆီမှာနေချင်ရတာလဲဆိုတာကိုသိချင်မိလို့ပါ ပီးတော့ဖွားဖွားမှာအကြောင်းတခုခုရှိနေရင်တောင်ကျွန်တော့်ကိုထိခိုက်အောင်လုပ်ဖို့ထိတော့မဖြစ်နိုင်မှန်းယုံကြည်နေမိလို့ပါ"

"ဒီအကြောင်းတွေကိုဘယ်လိုရှင်းပြမရလဲမသိပေမယ့်
နောက်ပိုင်းကျရင်သားငယ်လေးအလိုလိုနားလည်လာမှာပါ ညာမိလို့တော့တောင်းပန်ပါတယ်ကွယ်"

"ရပါတယ် ဖွားဖွားတို့မြေးအဖွားကြောင့်ကျွန်တော်အများကြီးပျော်ခဲ့ရပါတယ်
အနေဝေးနေတဲ့မိသားစုနဲ့ပြန်ဆုံရသလိုမျိုးခံစားချက်မျိုးတွေရခဲ့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်"

"နောက်နှစ်ရက်လောက်နေရင်ဖွားဖွားမန္တလေးပြန်တော့မယ်
သားငယ်လေးကိုမပြန်ခင်မှာစရာတွေရှိသေးတယ်"

"ဟုတ်ကဲ့ပြောပါဗျ"

"သားငယ်လေးသေချာနားထောင်နော်
ဘဝမှာတချို့ကိစ္စတွေကကိုယ်မထင်မှတ်ထားတာတွေဖြစ်လာတက်တယ်
ကိုယ့်ရဲ့ဖြစ်တည်မှူ့ကသဘာဝတရားကိုဆန့်ကျင်နေမလားလို့တွေးရင်တွေးမိစေနိုင်လိမ့်မယ်

ပတ်ဝန်းကျင်ကလူတွေရဲ့အကြည့်နဲ့စကားတွေကိုဂရုစိုက်ချင်စိုက်မိလိမ့်မယ်
စိတ်ထဲမှာကိုယ်ဖြစ်ချင်နေတဲ့ကိုယ့်ရဲ့ဆန္ဒတွေကို အကြောင်းအမျိုးမျိုးကြောင့်လက်လွှတ်လိုက်ရတာမျိုးတွေရှိတက်တယ်

ဒါပေမယ့် ဖွားဖွားကသားငယ်လေးကိုသိစေချင်တာက အချိန်တိုင်းလူတိုင်းအတွက်စဥ်းစားပေးနေစရာမလိုဘူး
တခါတလေမှာကိုယ့်ပျော်ရွှင်မှူ့အတွက် အတ္တကြီးပိုင်ခွင့်ရှိတယ်
ကိုယ်ရွေးချယ်လိုက်တဲ့လမ်းဟာကိုယ့်အတွက်တသက်လုံးပျော်ရွှင်ရမယ်ဆိုရင်လူတွေနဲ့ဆန့်ကျင်ရကြိုးနပ်တယ်မဟုတ်လား
နောက်ဆုံးတခုပဲထပ်ပြောချင်တယ်ဘာပဲလုပ်လုပ်၊ ဘာကိစ္စကိုပဲဆုံးဖြတ်ဆုံးဖြတ်ဘယ်လိုအကြောင်းတရားတွေအနှောက်အယှက်တွေပဲရှိနေနေ သားတို့ဘက်မှာဖွားဖွားရှိတယ်
ဒီစကားကဘာကိုဆိုလိုချင်တာလဲဆိုတာသားငယ်နားလည်တယ်မလား"

HE IS MINE (သူ....) completedWhere stories live. Discover now