"အကိုတို့စကား ခဏလောက်ပြောကြရအောင် နွယ်""ဘာအကြောင်းများလဲအကို..ပြောပါ"
"အထွေအထူးမဟုတ်ပါဘူး မင်းသိပီးသားကိစ္စတွေပါပဲ..နွယ်"
"ဟုတ်ကဲ့ပြောလေ အကို"
"မင်းအခုချိန်ထိဖုံးကွယ်ပီးနေနိုင်တာတကယ်ချီးကျူးစရာပဲနော်နွယ်"
နောက်ဆုံးအချိန်ထိသူ့ဘက်ကဖွင့်ပြောလာဖို့ကိုကျွန်တော်မျှော်လင့်နေခဲ့မိပါသည်။သို့ပေမယ့်ဒါဟာကျွန်တော့်ဘက်ကသူ့အတွက်ထားရှိခဲ့တဲ့ တစ်ဖက်သတ်မျှော်လင့်ချက်သာဖြစ်နေခဲ့လေသည်။"ဘာအကြောင်းအရာတွေကိုဉီးတည်ပြောချင်နေတာလဲအကို၊ နွယ်နားလည်အောင်ပြောပေးလို့မရဘူးလား"
"ရတာပေါ့၊ မင်းနားလည်အောင်ပဲပြောပြမှာပါ"
"စကားတွေပလင်ခံမနေပါနဲ့အကိုရယ်၊ ပြောစရာရှိတာကိုပွင့်ပွင့်လင်းလင်းပြောပါ"
"ငါ့ညီနဲ့ဟိုကလေးကိုမင်းဘာတွေလုပ်ခဲ့တာလဲ နွယ်"
ကိုယ့်စကားကိုကြားတော့ ဇနီးဖြစ်သူရဲ့မျက်နှာဟာထိန်းမရအောင်ကိုပျက်ယွင်းသွားခဲ့လေသည်။
ရုတ်တရက်ဆန်လွန်းတဲ့မေးခွန်းတွေကြောင့်လား..ဒါမှမဟုတ် နှစ်ရှည်လများသူဖုံးကွယ်ခဲ့တဲ့ကိစ္စတွေပေါ်ပေါက်သွားခဲ့လို့ထိုသို့ဖြစ်သွားသည်လားဆိုတာကိုကျွန်တော်အဖြေရှာမရခဲ့။"ဘာတွေလာမေးနေတာလဲ အကို၊ အကို့ညီကိုနွယ်ကဘာလုပ်ရမှာလဲ?
အကို့ညီကသူ့ကိုယ်သူသတ်သေသွားခဲ့တာလေ မဟုတ်ဘူးလား။ နွယ်လုပ်ခဲ့တာမှမဟုတ်တာပဲ ဒါကိုဘာကြောင့်နွယ့်ကိုလာမေးနေရတာလဲ""မင်းဟန်ဆောင်တာသိပ်ကောင်းတာပဲနွယ်ရယ်၊
ဒါကြောင့်လည်း နှစ်ပေါင်းသုံးဆယ်ကျော်လောက်မင်းဆီကနေငါအလိမ်ခံခဲ့ရတာပေါ့""အကိုဘာတြွေဖစ်လာတာလဲ ဟင်! အကို့ကိုဘယ်သူကနွယ့်မကောင်းကြောင်းတွေပြောလိုက်လို့အခုလိုပုံစံမျိုးနဲ့ နွယ့်ကိုဆက်ဆံနေရတာလဲ။ အရင်ကနွယ့်ကိုသိပ်ချစ်ခဲ့တဲ့အကို့ကိုပဲပြန်လိုချင်မိတယ်"
YOU ARE READING
HE IS MINE (သူ....) completed
Romanceမြတ်နိုးပိုင် အချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင် ငါကတော့မောင်လို့ပဲဖြေမယ်......❤️ ရာဇာရှိုင်းဆက် ဘယ်အခြေအနေရောက်ရောက် မောင်ကမင်းဆီကိုရောက်အောင်လာခဲ့မယ်.. မင်းဘက်က မောင့်ကိုကြိုးစားခွင့်လေးတော့ပေးမယ်မလား.......❣️