ep.23(Uni)

710 60 2
                                    


အိမ်ပြန်လမ်းတစ်လျှောက် စိတ်တို့ကဝေဝါးဝါးပင်၊
ဘဝမှာတခါမှ မမျှော်လင့်ထားခဲ့ သူသိပ်သဘောကျရတဲ့အမျိုးသမီးရှိရာအိမ်ကိုပြန်ဖို့ဒီလောက်ထိတွန့်ဆုတ်နေမည်ကို

မစုံစမ်းချင်၊ မသိချင် သိပ်ကြောက်မိတဲ့အမှန်တရားဆိုတာကိုသူမဖော်ထုတ်ချင်မိခဲ့ရှင်သန်နေရင်းနဲ့ဒီလိုမျိုးမထင်မှတ်ထားတာတွေလည်းရှိလာနိုင်သေးတာလား

"ဒယ်ဒီ "

"နွေ သမီး​ရောက်နေတာလား"

"ဟုတ်တယ် ဒယ်ဒီ၊ ဒယ်ဒီကို မတွေ့ရတာကြာနေလို့လေ"

"ဟုတ်ပါပီ၊ ဒါနဲ့သမီး မာမီရောမရှိဘူးလား"

"မသိဘူး၊ နွေရောက်ကတည်းကမတွေ့ဘူး အနောက်မှာတီတီရတနာကိုပဲတွေ့တယ်"

"သူ့မှာဘယ်သွားစရာများရှိလို့လည်း"

"အဲ့ဒါတော့ နွေလည်းမသိဘူးလေဒယ်ဒီ"

"ထားပါတော့ အရင်လည်းဒီလိုပဲသွားနေကြပဲဟာ"

"အင်းးးအဲ့ဒါလည်း ဟုတ်တာပဲ"

"ရတနာ"

"ရှင်..အကိုကြီး"

"နင်အားရင် ငါ့စာဖတ်ခန်းထဲခနလာခဲ့ပါအုံး"

"ဟုတ်ကဲ့ အကိုကြီး၊ ရတနာအလုပ်ပီးရင်လာခဲ့ပါ့မယ်"

ဒေါက်....ဒေါက်

"ဝင်ခဲ့"

"ဘာများပြောစရာရှိလို့လည်း အကိုကြီး"

"နွယ်နီ အခုတလောဒီလိုပဲအပြင်ခဏခဏထွက်နေတာလား"

"ဟို....နေ့တိုင်းတော့မဟုတ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အရင်တုန်းကထက်ပိုပီးအပြင်သွားလာတယ်လို့ထင်မိတယ်"

"ဒါဆို အခုနောက်ပိုင်းသူဘာတွေလုပ်နေလဲဆိုတာ သိရင်ပြောပြလို့ရမလား"

"ရတနာလည်းအများကြီးတော့မသိဘူးအကိုကြီး၊ ဒါပေမယ့်ဟိုနေ့က နွေနဲ့တော့စကားများနေကြတာတွေ့မိတယ်"

"နွေနဲ့စကားများတယ်?"

"ဟုတ်တယ်၊ လွန်ခဲ့တဲ့၂ရက်လောက်ကနွေကအိမ်ကိုရောက်လာပီး မနွယ်နဲ့စကားများကြတယ်၊
ပီးတော့ သမီးနွေကငိုလည်းငိုခဲ့သေးတယ်"

HE IS MINE (သူ....) completedWhere stories live. Discover now