ep.7(Uni)

1.4K 107 63
                                    

ဆေးရှိန်​ကြောင့်အိပ်ပျော်နေတဲ့အဖွားအိုအားနိုးသေချာစောင့်ကြည့်ပေးနေသည်၊ ညလည်းနက်လှပီမို့ သူဒီညဆေးခန်းမှာပဲအိပ်ရပေတော့မည်၊
သို့သော် နိုနိုးအိပ်မပျော်နိုင်ပါ မျက်စိရှေ့ကအဖွားအိုကသူနှင့်တခါမှမမြင်ဖူးမတွေ့ဖူးပါပဲနဲ့ ဘာလို့ရင်းနှီးနေသလိုခံစားနေရတာပါလဲ၊
စိတ်ထဲအမျိုးအမည်မသိသောခံစားချက်ပေါင်းစုံတို့ကအတွေးမျိုးစုံကိုလည်းတွေးစေနိုင်ခဲ့သည်၊
အဖွားအိုကအိပ်မောကြနေသည်မို့လို့ 
ရင်ထဲ၌ဖြစ်ပေါ်နေသောမွန်းကြပ်ကြပ်ခံစားချက်တို့ကိုဖြေလျော့ရန် အခန်းပြင်သို့သာထွက်လာခဲ့မိတော့သည်၊

" သားငယ်!!"
"တောင်းပန်ပါတယ်...."

အပြင်သို့ဦးတည်နေတဲ့ခြေလှမ်းတွေကတုံ့ခနဲ၊ *သားငယ်*ဆိုတဲ့စကားကသူ့ရင်ကိုကိုင်လှုပ်နိုင်ခဲ့သည်၊ ကိုယ်တိုင်တောင်မသိလိုက်ပါပဲ မျက်ဝန်းအိမ်ထဲမှာမျက်ရည်စတို့ကတွဲခိုစပြုနေပီ၊
ဘာလို့လည်း???
အခုတလောဒီအသက်ကြီးကြီးလူအိုကြီးတွေဆီကနေ ဘာလို့များတောင်းပန်စကားသံတွေပဲကြားနေရရတာလဲ၊
ဒီတခါရော သူခွင့်လွှတ်ပါတယ်လို့ထပ်ပြောရအုံးမှာလား၊
သူ့စိတ်ထဲမေးခွန်းများစွာထုတ်နေမိပေမယ့် အသံလာရာအနောက်ဆီကိုတော့လှည့်မကြည့်ဖြစ်၊
သူ့အားဘယ်လိုမျက်လုံးတွေကြည့်နေမည်လဲ ရင်မဆိုင်ချင်ပါ၊
အဲ့လိုကြင်နာမှူ့အပြည့်နဲ့တောင်းပန်သံတွေကိုထပ်ပီးမကြားချင်တော့ပါ
အတိတ်မှာဘာအကြောင်းတွေများရှိနေခဲ့တာလဲ
ဒီအကြည့်တွေ၊ဒီအသံတွေကြောင့် ကောင်းမွန်တဲ့အတိတ်မဖြစ်နိုင်မှန်းတော့သူခန်းမှန်းမိသည်
ဘာဆိုဘာမှမသိတာတောင်ရင်ထဲအမည်မဖော်တက်သောခံစားချက်တို့ကနှလုံးသားကိုတတိတိတိုက်စားနေသလို
နှစ်ရှည်လများအကြောင်းအရာအလုံးစုံသိနေတဲ့ဒီလူအိုကြီးတွေဘယ်လောက်များခံစားကြရမလဲ၊

"တောင်းပန်ပါတယ် ကလေးရယ်....တကယ်ကိုသားတို့ဘက်ကိုမစဥ်းစားပေးပဲမှားခဲ့မိတာပါ"

ဒီတခါတော့နိုးမနေနိုင်စွာပဲနောက်လှည့်ကြည့်လိုက်မိသည်
သေချာတာပေါ့ ထိုအဖွားအို ငိုနေခဲ့လေသည်။
ဒီတစ်ကြိမ်လည်းခွင့်လွှတ်ပေးဖို့သူဆုံးဖြတ်မိခဲ့ပြန်၏

HE IS MINE (သူ....) completedWhere stories live. Discover now