ep.33(Uni)

759 57 2
                                    

1988.Dec.4
(Dec.4ဤရက်စွဲသည်ကျွန်ုပ်၏ဇာတ်လမ်းအတွက်ထည့်ထားသောရက်သာဖြစ်ပါသည်။)


ထိုနှစ်ကျွန်တော်တို့မြန်မာနိုင်ငံကြီး၏ ဆောင်းရာသီအအေးဒဏ်ဟာအသည်းခိုက်အောင်အေးစက်နေမှာအသေအချာပင်။

သို့ပေမယ့် ပြည်သူတွေရဲ့ရင်ထဲကသောကတွေနှင့်အပူတွေကြောင့် ထိုနှစ်ရဲ့ဆောင်းရာသီဟာအေးမြနိုင်ပါ့အုံးမလား။
ကျဆင်းလာတဲ့စီးပွားရေးတွေ၊ ပျက်ယွင်းလာတဲ့နိုင်ငံရဲ့အုပ်ချုပ်မှု့ပုံစံတွေ၊ အစိုးရပိုင်းကလူတစ်ချို့ရဲ့အကျင့်ပျက်ချစားမှု့တွေ​၊
ထိုကိစ္စတွေကနေအရင်းခံပီး ၁၉၈၈ မတ်လ ၁၂ရက်နေ့တွင်ရန်ကုန်မြို့၌ကျောင်းသားတွေဦးဆောင်သော အစိုးရကိုဆန့်ကျင်သည့်လှုပ်ရှားမှု့များပေါ်ပေါက်လာခဲ့သည်။

အထူးသဖြင့်"ဗိုလ်ချုပ်နေဝင်း"၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
၁၉၈၈ သြဂုတ် ၈ရက်နေ့တွင်တနိုင်ငံလုံးအာဏာရှင်ဆန့်ကျင်သည့်ထိုအရေးတော်ပုံ၌ပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

ထို့အပြင် ထိုအရေးအခင်း၌ဦးဆောင်ကြသူများက မန္တလေးမြို့ရှိ ရှေ့နေများနှင့်သံဃာတော်များကိုပါ အာဏာရှင်တော်လှန်ရေး၌ပါဝင်ကြရန်နှိုးဆော်ခဲ့ကြသည်။

ကျောင်းသားတွေဦးဆောင်သည့်ရန်ကုန်မြို့၏အာဏာရှင်တွန်းလှန်ရေးသည်ပိုရျ်အထိနာခဲ့လေသည်။

မန္တလေးမြို့တွင်၌ရှေ့နေများနှင့်သံဃာတော်များ၏ဦးဆောင်မှု့ကြောင့်အထိုအခိုက်နည်းခဲ့ပေသည်။

၁၉၈၈ သြဂုတ်လ ၈ရက်နေ့တွင် တနိုင်ငံလုံးပါဝင်ခဲ့သည့်ထိုနေ့၏တော်လှန်ရေးကို ယခုကျွန်တော်တို့နောက်မျိုးသစ်တွေကြားထဲတွင် ရှစ်လေးလုံးအရေးတော်ပုံဟူရျ်ထင်ရှားပေသည်။

အစိုးရကိုဖြုတ်ကျဖို့ စတင် ဦးတည်ခဲ့သည်ထိုအရေးတော်ပုံသည်နောက်ဆုံး၌စစ်တပ်၏လုပ်ရပ်တချို့ကိုပါမျက်ဝါးထင်ထင်တွေ့မြင်လာခဲ့ကြလေသည်။

ထိုအချိန်ကသာစစ်တပ်၏ထိုသို့မတရားသတ်ဖြတ်မှု့များကိုသတိထားမိခဲ့ပါလျှင် နိုင်ငံအတွင်း၌တည်ရှိသော အခြားသောတိုင်းရင်းသားများနဲ့လည်းယနေ့ချိန်ထိတိုင်အောင်စိတ်ဝမ်းကွဲနေမည်မဟုတ်ဟုသာထင်မြင်မိပါတော့သည်။

HE IS MINE (သူ....) completedWhere stories live. Discover now