ep.14(Uni⚠️)

2.1K 87 31
                                    

(warning ခန်းကအရမ်းကြီးကြမ်းတမ်းတာမျိုးတွေတော့မပါပေမယ့် မကြိုက်တဲ့သူတွေဒီအခန်းကိုမဖတ်ပဲရှောင်ဖတ်လို့ရပါတယ် နှစ်ယောက်roတာကလွဲရင် တခြားအကြောင်းအရာသိပ်မပါ ပါဘူး wannjaiတွေတော့ဖတ်သင့်တယ်ထင်တာပဲဟီးဟီး><)

အခုဆိုရင်ကျွန်တော်တို့နှစ်ယောက်လက်တွဲလာခဲ့ကြတာဟာ ၅လကျော် ၆လဆိုတဲ့အချိန်ထဲကိုရောက်လာခဲ့ပီ
အခုချိန်ထိ အထွေအထူးဘာပြဿနာမှမရှိခဲ့ကြပါဘူး
သူ့ဘက်ကကျွန်တော့်ကိုအခုချိန်ထိချစ်တယ်လို့ပြောမလာခဲ့သေးပေမယ့်
သူကျွန်တော့်ကိုချစ်တယ်ဆိုတာသူ့အပြုအမူတွေကသက်သေပါပဲ
သူ့ဘက်ကအဆင်သင့်ဖြစ်လာမယ့်အချိန်ထိကျွန်တော်စောင့်ပေးနိုင်ပါတယ်
မန္တလေးကအိမ်ကလည်းအခုချိန်ထိphတချက်တောင်ဆက်မလာခဲ့
ဒီတခါတော့မေမေက သူ့ကိုတကယ်စိတ်နာသွားတယ်ထင်ပါရဲ့ စိတ်နာလည်းမတက်နိုင်မေမေတို့စီ
စဥ်တဲ့ကိစ္စကိုယ်မှမနှစ်သက်သည်ပဲစေ့စပ်ပွဲဖျက်သိမ်းတာကိုတော့ဖွားဖွားphဆက်ပြောလို့သိခဲ့ရပီးပီ
မဖျက်သိမ်းလို့လည်းမရ ကိုယ်ကမှလက်မခံနိုင်တာ

"ဘာတွေစဥ်းစားနေတာလဲ"

"မောင်တို့လက်ထပ်ပီးရင်ကလေးဘယ်နှယောက်လောက်ယူရင်ကောင်းမလဲလို့ စဥ်းစားနေတာ"

"ဟာကွာ......ဒီမှာကတကယ်အကောင်းမေးနေတာကို"

"ရှက်သွားတာလား"

"မရှက်ပါဘူး"

"ဒါဆိုဘာလို့ မျက်နှာတွေနီနေရတာလဲ"

"အဲ့ဒါက ဟို...ပူလို့လေ ပူလို့"

ပူလို့ဆိုတဲ့လူက မျက်နှာတင်မကနားရွက်တွေပါဒီလောက်နီရဲနေတာကိုလိမ်နေလေရဲ့
"နားရွက်တွေနီနေတာကရော ပူလို့ပဲလား"

"အင်းးးဟုတ်တယ် ပူလို့"

"လူကြီးဖြစ်ပီး မလိမ်ရဘူးနော်"

"မလိမ်ပါဘူး ဘယ်မှာလိမ်နေလို့လဲတကယ်ပူလို့ပါဆို"

"ဒါဆို ကျိန်ပြ"

"ကျစ်....ဟုတ်တယ်ကွာ ရှက်လို့...ရှက်လို့
ရပီလား"

"အင်းးရပီ"

"မင်းရုပ်က အဲ့ဒါဘယ်လိုရုပ်ဖြစ်နေတာလဲ"

"ရယ်(ရီ)ချင်လို့"

HE IS MINE (သူ....) completedWhere stories live. Discover now