ep.35(Uni)

713 49 8
                                    


"သားငယ် ဒီကိုလာပါအုံး အဖေပြောစရာရှိလို့"

"ဗျာ..ဟုတ်ကဲ့အဖေ"


"နိုင်ငံခြားကနေလည်းပြန်လာပီဆိုတော့ သားငယ်ဒီမှာကျောင်းဆက်တက်မလား
ဒါမှမဟုတ် အဖေ့လုပ်ငန်းထဲကိုပဲဝင်မလား"



"အဖေလုပ်ငန်းတွေနဲ့ပတ်သတ်ပီးကျွန်တော့်မှာသိပ်ပီးအတွေ့အကြုံလည်းမရှိသလို၊ စိတ်လည်းသိပ်မပါဘူး အဲ့တော့ကျွန်တော်ကျောင်းပဲဆက်တက်ပါရစေ။"


"ဟုတ်ပါပီ သားငယ်သဘောပါ"


"ဟင် ကိုကြီးပြန်ရောက်နေတာကြာပီလား"

ဒီနေ့သူ့အတွက်ရင်ခုန်စရာတစ်ခုနဲ့ကြုံတွေ့ခဲ့ရလေသည်။ သိပ်ကိုလှတဲ့အမျိုးသမီးလေးတစ်ဦးနဲ့ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။ 
ဖြစ်နိုင်ရင်အဲ့အမျိုးသမီးလေးနဲ့နောက်ထပ်တစ်ကြိမ်ပြန်လည်ဆုံတွေ့ချင်မိပါသည်။

သိူ့ပေမယ့်ထိုအပျော်တွေဟာအိမ်သို့ပြန်ရောက်ချိန်တွင်တော့ပျောက်ရှကုန်လေသည်။
အဖေကညီငယ်ကိုလုပ်ငန်းထဲခေါ်သွင်းချင်နေသည်ထင်၏။ သူ့တုန်းကတော့ကျောင်းမပီးသေးပဲအလုပ်လုပ်ချင်ခဲ့တာတောင်ခွင့်မပြုခဲ့ပေ။ အခုညီငယ်ကိုတော့အဖေကကိုယ်တိုင်သူ့လုပ်ငန်းထဲခေါ်သွင်းနေလေသည်။


"ရောက်တာမကြာသေးပါဘူး ခုနကလေးကပါပဲ"


"ဟုတ်ကဲ့ အဖေဆီကိုသွားမလို့လား
သွားလေ ကျွန်တော်တော့အပြင်မှာစိတ်၏အေးချမ်းရာလေးကိုသွားရှာဖွေလိုက်အုံးမယ်"

"ဟင်...ညီ့ငယ့်စကားက ဘာကြီးတုန်းကွ"


"ဟဲဟဲ..ဒီလိုပဲကိုကြီးမသိသေးတာတွေရှိတယ်"



"ဟုတ်ပါပီကွာ..ဂရုစိုက်ပီးသွားနော် ဒီနေရာနေရာလည်းစိမ်းသေးတယ်။ပီးတော့ညီငယ်လည်းဒီကိုပြန်ရောက်တာကြာသေးတာမှမဟုတ်ပဲ အန္တရာယ်တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ"


"နားလည်ပါပီဗျာ....ကိုကြီးညီက ကလေးမှမဟုတ်တော့တာပဲ စိတ်ပူမနေပါနဲ့"


"ကလေးမဟုတ်လို့စိတ်ပူနေရတာပေါ့။ အဲ့ခေါင်းကဆံပင်အရောင်ကလည်းပြန်ပြောင်းပါဆိုအခုထိကိုမပြောင်းသေးဘူး"


HE IS MINE (သူ....) completedWhere stories live. Discover now