ep.38(Uni)

746 44 7
                                    

"နွယ် ဘာတွေများစဥ်းစားနေတာလဲ"

"အော် အကို! ဘာမှမစဥ်းစားဘူးအကိုရဲ့
ဒီလိုပဲနွယ်တို့ရဲ့အကြောင်းကိုနည်းနည်းလောက်ပြန်သတိရမိသွားလို့ပါ"

"ဘာအကြောင်းတွေများလဲနွယ်ရဲ့"

"အကိုနဲ့ စဆုံခဲ့တဲ့အချိန်တွေကိုပေါ့"

"အဲ့တုန်းက အကို့မှာနွယ့်အနားကိုနည်းနည်းလေး ကပ်ဖို့အတွက်တောင်သိပ်ကိုကြောက်နေခဲ့ရတာ"

"အကိုက  သိပ်ကိုသတ္တိနည်းသကိုး"

"သတ္တိနည်းတာမဟုတ်ပဲ နွယ်ဆိုတဲ့မိန်းမလှလေးဆီကနေငြင်းဆန်မှု့ကိုမလိုအပ်ခဲ့တာပါကွာ"

"ကဲ!! တော်ပါပီ အခုလည်းအဆင်ပြေနေပီပဲဟာ"

"သဘောပါဗျာ ဒီကကောင်ကမင်းစိတ်ကြိုက်အကုန်ဖြစ်စေရပါမယ်လို့ကတိပေးပါတယ်"

"ဒါပဲနော်အကို နောက်မှပြောင်းလဲမသွားနဲ့"

"မပြောင်းလဲပါဘူးနွယ်ရဲ့။
ဘယ်တော့မှပြောင်းလဲမသွားဘူးနော်စိတ်ချ"

"ဒါနဲ့လေ နွယ်မေးစရာလေးတစ်ခုလောက်ရှိလို့ အကိုဖြေပေးနိုင်မလား"

"ဘာများလဲဗျ စိတ်ကြိုက်သာမေးပါ။
တခုတင်မဟုတ်ဘူးကြိုက်သလောက်မေးအကုန်ဖြေပေးနိုင်ပါတယ်"

"အကိုတို့မျိုးရိုးထဲမှာလေ လိင်တူချင်းစိတ်ဝင်စားတဲ့သူများရှိခဲ့ဖူးသလားလို့ပါ"

"လိင်တူချင်း??? အဲ့ဒါကိုဘာလို့မေးတာလဲနွယ်ရဲ့"

"သိပ်တော့မသေချာပေမယ့်နွယ်သိချင်လာလို့ပါ"

တကယ်ဆိုအဲ့နေ့ကိုနွယ်တဖန်ပြန်သွားချင်မိပါသည်။
ဒါမှထိုအခိုက်အတန့်ကိုရှောင်ရှားဖို့အတွက်နွယ့်အတွက်အခွင့်အရေးရခဲ့မှာပေါ့။

မှိန်ပျပျမီးရောင်တချို့နဲ့ အခန်းတစ်ခန်းထဲမှာလူနှစ်ယောက်ရဲ့မမြင်အပ်တဲ့ပုံရိပ်တွေ။မောဟိုက်ခြင်းတွေ။ ညီးငြူသံအချို့နဲ့ စကားပြောသံတွေ။ ဖြစ်နိုင်ရင် ဒါတွေကိုနွယ့်စိတ်ထဲကအကုန်သာထုတ်ပစ်လိုက်ချင်မိပါသည်။သို့ပေမယ့်အလုပ်မဖြစ်ခဲ့ ထိုပုံရိပ်တွေကိုသာထပ်ခါတလဲလဲပြန်မြင်ယောင်နေမိတော့သည်။

HE IS MINE (သူ....) completedWhere stories live. Discover now