ep.17(Uni)

839 57 3
                                    


အရင်ကတည်းက အကိုမသိအောင် သူမတည်ထောင်ထားတဲ့ တရားမဝင်လုပ်ငန်းတွေ၊ တခြားသောအကြောင်းအရာတွေကအရင်လတွေထဲမှာ သူမခေါင်းပေါ်အကုန်စုပြုံလာခဲ့လေသည်၊
ထိုအထဲမှမှာ သူမသိပ်ကိုထိတ်လန့်မိတဲ့အကြောင်းတရားက ခင်ပွန်းဖြစ်သူရဲ့ အံဆွဲထဲကတွေ့ခဲ့တဲ့ဓာတ်ပုံလေးတပုံပင်၊  သူမ
သိခဲ့ဖူးတဲ့လူနဲ့သိပ်ကိုတူတဲ့ကောင်လေးတယောက်၊ သူမကြောင့်ဘဝပျက်သွားရတဲ့ကောင်လေးလို့ဆိုရင်ပိုမှန်လေမလား၊ သို့ပေမယ် အရင်တုန်းကကိစ္စတွေအတွက် အခုချိန််ထိ သူမမှာနောင်တဟူရျ်တစုံတရာပင်မရှိ

"အကို အခုတလောပြန်လာတာနောက်ကျတယ်နော်"

အရင်ကဒီလိုအသံမျိုးနဲ့ဇနီးဖြစ်သူဆီကကြားခဲ့ရရင် ဘာကိုမှမမြင်နိုင်တဲ့အထိဖြစ်ခဲ့ဖူးသည်၊ အခုတော့ ဘယ်ကစပီးမှားယွင်းနေခဲ့မှန်းမသိတဲ့ အကြောင်းအရာအချို့ကိုသူစတင်စုံစမ်းနေခဲ့လေပီ၊ သူ့စိတ်ထဲဝေခွဲရခက်နေတဲ့အမှန်တရားက သူချစ်ရသူဖြစ်နေခဲ့မှာကိုသိပ်ကိုကြောက်မိပါသည်

"ကုမ္ပဏီမှာ အလုပ်တွေရှုပ်နေလို့ပါ"

အကို့ခြေလှမ်းတွေပျက်နေတာဟာအလုပ်ကိစ္စမဟုတ်မှန်းသိပေမယ့် မသိချင်ယောင်ဆောင်ဖြစ်ခဲ့လေသည်၊
နွယ်နီဆိုတဲ့မိန်းကဒီလိုကိစ္စနဲ့ခေါင်းကိုက်ခံနေမယ့်လူစားမျိုးမဟုတ်၊ သိချင်တာရှိရင်ကိုယ်တိုင်စုံစမ်းရတာကသိပ်ကိုလွယ်သပ
ဒါမျိုးအသေးအမွှားတွေထိတွေးပီးမပူပန်နိုင်

"ရေချိူးတော့လေ နွယ် အကိုစားဖို့ထမင်းအဆင်သင့်ပြင်ထားလိုက်မယ်"

"ကောင်းပါပီ ဒါနဲ့ အိမ်ကိုသမီးနွေရောလာဖြစ်သေးလား"

နွေဆိုတဲ့အသံကြားမှ သူမရဲ့ဘယ်ကိစ္စတွေအထိသမီးဖြစ်သူကသိနေသည်လည်းမသိ၊ ဒီနှစ်ကသူမအတွက်ပြဿဒါးများဖြစ်နေရော့သလား
"ဟိုရက်ပိုင်းကတော့လာတယ် အကိုပြန်မရောက်သေးလို့စောင့်ပါပြောတာကို မစောင့်တော့ဘူးဆိုပီးပြန်သွားတယ်လေ"

သမီးလုပ်သူအိမ်လာသွားတာသူသိပေမယ့် တမင်မေးလိုက်ခြင်းပင်
အဲ့နေ့ကphထဲမှာနွေ ပြောလာတဲ့စကားတွေကထူးဆန်းနေခဲ့သည်၊
ကိုယ်တိုင်လည်းဘာကိုအဓိပ္ပာယ်ကောက်ရမှန်းမသိ၊ သူသိခဲ့တဲ့ဇနီးဖြစ်သူနဲ့ပတ်သတ်တဲ့အကြောင်းအရာတချို့ဟာ တဖြည်းဖြည်းနဲ့စတင်ပြောင်းလဲလာခဲ့လေပီ၊ ခွင့်မလွှတ်နိုင်တဲ့အထိ အဆိုးဆုံးအခြေအနေတွေအထိမဖြစ်စေဖို့ပဲဆုတောင်းမိပါသည်
"သူ မအားလို့နေမှာပါ နောက်နေ့မှအလုပ်အားတဲ့နေ့ တရက်လောက်တူတူဆုံကြရအုံးမှာပေါ့"

HE IS MINE (သူ....) completedWhere stories live. Discover now