ep.34(Uni)

816 57 13
                                    

"ကိုကြီးငယ်ရေ သော်သော်ရှိလား"

ပီးရင်လည်းအိမ်ထဲမဝင်ပဲနေကြတာမဟုတ်ပဲ ဒီကလေးမတသိုက်ဟာလာတိုင်းအမြဲဒီလိုပဲသူ့နာမည်ကိုအိမ်ရှေ့ကနေအော်ခေါ်တက်ကြသည်။


"ရောက်ရင်လည်း ဝင်ခဲ့ကြလေဗျာ အမိတို့ရာ၊ ဘယ်နှယ့်အိမ်ရှေ့ကနေအော်ခေါ်နေကြရတာတုန်း"


"ကိုကြီးငယ်ကလည်း ကိုယ့်ညီမလေးတွေကိုအပြစ်မြင်နေပြန်ပါပီ"


"ဟောဗျာ ကျွန်တော်မျိုးကဘယ်တုန်းအပြစ်မြင်မိလို့တုန်းဗျ"


"တွေ့လား တွေ့လား ကိုကြီးငယ်ရဲ့အဲ့အသံကိုကသေချာပေါက်ရွှေရည်တို့ကိုအပြစ်မြင်နေတဲ့အသံပါ"


"ဟားဟားးးး ရွှေရည်ကတော့လုပ်ပီကွာ"

သူငယ်ချင်းလေးယောက်ထဲမှာရွှေရည်ကအသွက်ဆုံးပင်။
ကြည်ပြာနဲ့ညီမအရင်းဖြစ်သူ မေသော်တို့ကတော့လည်သည်လည်းမဟုတ်သလိုခပ်နုံနုံလူမျိုးတွေလည်းမဟုတ်ကြ။ ထိုအထဲကမှနာမည်နဲ့လိုက်အောင်အမြဲတမ်းအေးအေးချမ်းချမ်းနေတက်သည့်ကျွန်တော်အချစ်ရဆုံး ချမ်းမြေ့ခင်လေးကတော့သိပ်ကိုအနေအေးလှပေသည်။

ဒီကလေးမကတခြားကလေး၃ယောက်နှင့်မတူပေ။
စကားလည်းအတော်လေးပင်နည်းသည်။
အရင်ကတည်းကအိမ်နီးချင်းလည်းဖြစ်သူငယ်ချင်းတွေလည်းဖြစ်ကြသည့်ဒီကလေးတွေရဲ့သံယောဇဥ်ကလည်းမနည်းပေ။

ကလေးတွေနဲ့စကားပြောနေစဥ် ဘေးခြံကနေရုတ်တရက်ထွက်ပေါ်လာသည့်သံစဥ်တခုကြောင့် ကလေးတွေရောကျွန်တော်ပါထိုနေရာသို့အကြည့်ပို့မိခဲ့ကြသည်။

🎶🎶မနေနိုင်အောင်လေသူကကြံရွယ်တယ် ရင်မှာချစ်အားလေးညိုးငယ်ရပါတယ်
ပြေလည်အောင်ဖြေရှင်းပါမယ်လေ အယူခံဒီစကားလေးပြောပြတော့မယ်🎶🎶

နူးညံ့​ပျော့​ပျောင်းလွန်းတဲ့အသံနှင့်အတူထွက်ကျလာတဲ့ဂီတသံစဥ်တို့ကရင်ထဲအပြေးအလွှားကူးလူးယှက်နွယ်လာကြလေသည်။
ထိုလူရဲ့အကြည့်တို့ကလည်းကျွန်တော်မျက်နှာကနေတချက်ကလေးမှရှောင်ကွင်းမသွားခဲ့ပေ။


HE IS MINE (သူ....) completedWhere stories live. Discover now