ep.18(Uni)

767 60 4
                                    


ဒါဟာသူတို့နှစ်ယောက်အတွက် ပထမဆုံးအကြိမ်စကားများပီးရန်ဖြစ်ကြခြင်း၊မနေ့ကပြန်လာကတည်းကတစ်ယောက်ဘက်ကမှစပီးစကားမဆို၊  နှစ်ဖက်စလုံးကလည်း ဘယ်သူကမှ အလျော့ပေးမည့်ပုံမပေါ်ပေ၊

ကိုယ်ကဘာလို့အလျော့ပေးရမည်လဲ ကိုယ်ချစ်တဲ့သူကိုသဝန်တိုလို့ တိုသည်ပြောတာကိုကိုယ်လွန်လေသလား၊ ဒါကိုဘာကြောင့်မှန်းမသိ ကိုယ်ကသူ့ကိုမယုံဘူးဆိုပီးအတင်းစွပ်စွဲနေတော့တာ၊ တခါတလေသူ့အတွေးတွေကကို တကယ်ကိုနားမလည်နိုင်ခဲ့ပေ

မောင့်ကိုစိတ်ဆိုးရျ်လည်းမဟုတ် ဘာကြောင့်မှန်းမသိ သူ့ဘက်ကတိတ်ဆိတ်သွားတော့ကိုယ်လည်းစကားမပြောဖြစ်၊ မောင်ကတော့တချက်တချက်သူ့ဘက်လှည့်ကြည့်လာသည်၊ ပြောစရာရှိတာ​မပြောပဲ ဒါကဘာဖြစ်နေသည်လဲ

Ring! Ring!
"hello...ဟုတ်ပါတယ် ကျွန်တော် ဒေါက်တာမြတ်နိုးပိုင်ပါ"

"......"

"အော်..ကောင်းပါပီ ဘယ်နေ့လဲဆိုတာကျွန်တော့်ကိုအတိအကျပြောပေးလို့မရလား"

"....."

"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အဲ့နေ့ကျွန်တော်လာခဲ့ပါမယ်"

စိတ်ဆိုးတာကဆိုးသည်ပဲ သူဘာတွေလုပ်နေလဲဆိုတာတော့ကိုယ်သိရဖို့လိုသည်၊
ဒီကကောင်ကလေ ဘယ်လောက်ပဲစိတ်ဆိုးဆိုး ကြာကြာမဆိုးနိုင်တာကအကျင့်တခုလိုတောင်ဖြစ်နေပီ၊နောက်ဆုံးတော့တင်းခံနေသည့်ကြားထဲက မနေနိုင်တဲ့သူကကိုယ်ပါပင်

"ဘယ်သူလဲ"

"ဟင်"ရုတ်တရက်မေးလာသည်မို့ကြောင်းအမ်းအမ်းဖြစ်သွားရသည်

"Phဆက်တာဘယ်သူလဲလို့ ၊ ဘယ်ကိုသွားတွေ့မှာလဲ"

"အော်  ဒါလား ကိုယ့်လူနာတယောက်ပါ၊ အသက်ကြီးပီဆိုတော့ သားသမီးတွေကဂေဟာပို့လိုက်ကြပီလေ၊ အဲ့ဒါအခုကိုယ့်ကိုတွေ့ချင်တယ်​ဆိုလို့ သန်ဘက်ခါချိန်းလိုက်တာ"

"အဲ့နေ့မောင်လည်းလိုက်မယ်"

"မင်းက ဘာလိုက်လုပ်မလို့လည်း၊ ကိုယ့်ဘာသာတစ်ယောက်ထဲပဲသွားလိုက်တော့မယ်"

"မရဘူး လိုက်မှာပဲ၊ မောင်မပါပဲသွားရဲသွားကြည့်နော်၊ နောက်တခါတော့လုံးဝအလျော့ပေးပီးပြန်ခေါ်မှာမဟုတ်ဘူး"

HE IS MINE (သူ....) completedWhere stories live. Discover now