ep.21(Uni)

807 56 17
                                    


ပြန်နားပါပြောပါလျက်နဲ့မပြန်ပဲခုံပေါ်မှာပေတေပီးအိပ်နေလေသည်၊
ဒီအမျိုးသားလေးကသူတို့ထက်အသက်ကြီးတယ်ဆိုတာယုံနိုင်စရာတောင်မရှိ၊ တကယ်ကိုနုနုဖက်ဖက်လေး ဒီလူသားရဲ့မျက်နှာမှာကျွန်တော်အကြိုက်ဆုံးအရာကိုပြောပါဆိုလျှင် ဒီနိုင်ငံကလူတွေနဲ့မတူပဲ ကွဲပြားနေတဲ့
သဘာဝဆန်ဆန်တည်ရှိနေတဲ့ အဲ့မျက်ဝန်းပြာလေးတွေကိုပဲလက်ညိုးညွှန်မိမှာအသေအချာပင်

အိပ်ယာထက်ကကောင်လေးကိုပြန်လှည့်ကြည့်မိတော့လည်း အခုထိနိုးမလာသေးပဲမျက်လုံးတွေမှိတ်ထားတုန်းပင်

"မင်းကို ဘယ်သူကဒီလိုအထိအခိုက်ခံခိုင်းနေလို့လဲ?? ဟမ်"

အဖြေပြန်ပေးမလာမှာသိပေမယ့် ဆူချင်နေမိတုန်း ၊ ဒီကောင်လေးသိပ်ကိုဆိုးလာသည်မလား၊ ဆိုင်လည်းမလာ Phလည်းတချက်ဆက်ဖော်မရ၊ ကိုယ်ဆက်တာတောင်တခါတလေဆို သူကကိုင်ချင်မှကိုင်သည်၊ သတိရလာမှအတိုးနဲ့အရင်းပေါင်းပီး နားအူသည်အထိပြောပစ်အုံးမည်

တစ်ယောက်ထဲစကားတွေပြောပီး လူနှစ်ယောက်ကြားတလှည့်စီကြည့်ပီးအကဲဖြတ်နေသည့်ကောင်လေးလည်း ခဏကြာတော့အိပ်ပျော်သွားခဲ့လေသည်။

လွှတ်ထားသည့်လူတွေဆီကဆက်ပီးဘာပုံမှရမလာတော့ သူမဘက်ကပဲစပီးဆက်သွယ်မိတော့သည်၊
ပြန်ကြားရသည့်စကားကယုံနိုင်စရာပင်မရှိ၊ car accidentကြောင့်ရှိုင်းကဆေးရုံမှာရောက်နေသည်တဲ့
ဘယ်လိုအကြောင်းကြောင့်accidentဖြစ်ရသည်လဲ
ပထမဆုံးခေါင်းထဲဝင်လာသည့်အတွေးက သူမရဲ့စာကိုမာမီမြင်သွားခဲ့တာကိုပင်
"မဟုတ်တာ မာမီကလူတစ်ယောက်ကိုဒီလောက်ထိတော့မရက်ဆက်နိုင်ပါဘူး"

အထင်နဲ့တင်ဆုံးဖြတ်မနေပဲသေချာအောင်အတည်ပြုဖို့အတွက်မာမီ့ကိုသွားရှာရမည်

"မာမီ!"

သူရောက်လာတာကိုမသိပဲphပြောနေသည့်အကြောင်းအရာကသူသိချင်နေတာနဲ့ဆက်စပ်နေမလား
မဟုတ်ပါစေနဲ့ဆုတောင်းနေသည့်ကြားကနွေ့ဆုတောင်းမပြည့်တော့ဘူးထင်ပါရဲ့မာမီ ယ်

"နွေ!!သမီး"

"မာမီ လုပ်လိုက်တာလား"

"ဘာကိုလဲ"
ပျက်ယွင်းချင်နေသည့်မျက်နှာကိုသမီးမသိအောင်မနည်းထိန်းထားရသည်

HE IS MINE (သူ....) completedWhere stories live. Discover now