ep.16(Uni)

926 62 2
                                    


မနက်ဖြန်ဆိုရင် ရန်ကုန်ပြန်ရတော့မယ်
ကျွန်တော့်အချစ်ဆုံးလေးရဲ့အရူးထသမျှတွေကိုလည်းအကုန်လိုက်လုပ်ပေးရသေးသည်။
ဒီကောင်လေးတကယ်မလွယ်တာ သူ့ကိုယ်သူအသက်၂၄နှစ်ဆိုတာရော မှတ်မိသေးရဲ့လားမသိ၊
ဆယ်ကျော်သက်ကလေးတွေလုပ်သမျှအတိုင်းအကုန်လိုက်လုပ်နေတော့တာ၊
လူအုပ်ကြားထဲမှာ သူ့idolရှိရာအရပ်ကိုမရမကအတင်းတိုးဝှေ့ပီး ယူလာတဲ့လက်ဆောင်ကိုမရ ရအောင်ပေးခဲ့သေးသည်။
သူပျော်တာမြင်ရတော့ကျွန်တော့်ရင်ထဲ
ကျေနပ်မှု့တို့ကလည်းအပြည့်အသိပ်
၂၆နှစ်တာ ကာလအတွင်း အပျော်ရွှင်ရဆုံးအချိန်ကိုပြပါဆိုလျှင် မောင် ကျွန်တော့်ဘဝထဲစတင်ဝင်ရောက်လာခဲ့တဲ့နေ့ကိုပဲလက်ညိုးညွှန်မိမှာအသေအချာပင်။
အချစ်နဲ့စတဲ့ဇာတ်လမ်းမှာ အချစ်နဲ့ပဲဇာတ်သိမ်းချင်မိတယ်၊ အခက်ခဲတွေရှိနေတာသိနေရင်တောင်မှမောင်လက်ကိုတွဲပီးတူတူကျော်ဖြတ်ချင်မိသေးတယ်၊
သို့ပေမယ့်ကျွန်တော့်စိတ်ကူးတွေ လက်တွေ့အကောင်အထည်ပေါ်လာနိုင်ဖို့ဆိုတာကတော့ မောင်မယုံကြည်တဲ့ကံတရားအပေါ်ပဲပုံချရလေမလား။
*ကိုယ်လည်း မင်းလိုကံကြမ္မာကိုမယုံကြည်တဲ့သူဖြစ်ချင်လိုက်တာ*

"ရှိုင်းဆက်!!"

ရေချိုးနေတာ အချိန်အတော်ပင်ကြာသွားခဲ့သည်။
ကိုယ်တောင်ရေချိုးပီးနေပီ သူကအခုထိထမလာသေး၊
ဒီနေ့ ခရီးရဲ့နောက်ဆုံးနေ့မို့လျှောက်လည်မယ်ပြောထားရဲ့သားနဲ့
"ရာဇာရှိုင်းဆက်! လို့"

"ဟင် !....ဗျာ ငယ်"

"မင်းအခုထိမထသေးဘူးလား"

"ဟီး မောင်နိုးနေပါပီငယ်ရဲ့"

"အပိုတွေပြောမနေနဲ့ မင်းပြန်အိပ်နေတာမလား အခုချက်ချင်းထ၊ ရေသွားချိုးတော့ သွား"
အခုနောက်ပိုင်း ဒီကောင်လေးအတော့်ကိုဆိုးလာတာပါပင်

"ထပါပီ ငယ်ရဲ့ မောင်ရေသွားချိုးပီနော်"

"သွားချိုး ကိုယ်မင်းဝတ်ဖို့အဝတ်ထုတ်ထားပေးမယ်"

အခုချိန်ထိတခါမှချစ်တယ်မပြောခဲ့ဖူးတဲ့ငယ်က ကျွန်တော့်အပေါ်မှာတော့အသေးအမွှားလေးကအစဂရုစိုက်ပေးလာတာ အချိန်ကာလအားဖြင့် ငါးလဆိုတဲ့တည်နေရာတခုပင်ရောက်လာခဲ့လေပီ
"ဟုတ်ကဲ့ပါဗျ"

HE IS MINE (သူ....) completedWhere stories live. Discover now