ep.30(Uni)

756 54 18
                                    

"အလုပ်လေးတစ်ခုလောက်ထပ်ပီးအပ်ချင်တယ်"

"ဟုတ်ကဲ့ပြောပါ"

"အရင်တခါလိုပုံစံမျိုးဆိုရင်တော့ နောက်ဆိုရှင်တို့နဲ့လက်တွဲဖို့ဆိုတာမဖြစ်နိုင်တော့ဘူးနော်"

"စိတ်ချပါ၊ ဒီတခါတော့သေချာလေးဖြစ်မြောက်အောင်လုပ်ပေးမှာပါ။
ပီးတော့ အဲ့တုန်းကကိစ္စမှာလည်း မထင်မှတ်ပဲအရှေ့ကနေဖြတ်ဝင်လာတဲ့ကားကြောင့်အခုလိုဖြစ်သွားရတာပါ အဲ့အတွက်ကျွန်တော်တို့ဘက်ကတောင်းပန်ချင်ပါတယ်"

"ကျွန်မအတွက်ဘယ်လိုဆင်ခြေတွေမှမလိုအပ်ဘူး။  ဖြစ်စေချင်တဲ့ကိစ္စကမဖြစ်မြောက်ခဲ့ရင်စွန့်လွှတ်ယုံပဲရှိတယ်"

"ကျွန်တော်တို့သဘောပေါက်ပါပီ။ စိတ်ချပါဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရပါမယ်"

ဒီတစ်ခါရောလွတ်မြောက်နိုင်ပါ့အုံးမလား။အခုတော့တစ်ယောက်ချင်းမဟုတ်တော့ပဲနှစ်ယောက်စလုံးကိုနှုတ်ဆက်ရတော့မှာပေါ့လေ။

"အင်း နားလည်ပီမို့လို့ ဆက်ပီးစောင့်ကြည့်ထားပေးပါအုံး"

"....."

အဖေပြောသလို တကယ်ပဲသူဖြစ်နေခဲ့တာလား။
ရက်ဆက်လိုက်တာဆိုတဲ့စကားတခွန်းကိုသာကျွန်တော်​ဆိုနိုင်ပါတော့သည်။
တချိန်ကရိုးသားတဲ့သူမကိုပဲပြန်လိုချင်မိပါသည်။ ကျွန်တော့်မျှော်လင့်ချက်တွေဖြစ်လာနိုင်ပါ့အုံးမလား။

"မောင်"

"ဗျာ"

"ကိုယ်တို့ လူတွေနဲ့ဝေးရာအရပ်၊
ဘယ်သူမှမရှိတဲ့နေရာတစ်ခုကိုထွက်သွားကြမလား...ဟင်"

"ဘာဖြစ်လို့လဲငယ်"

ထူးထူးဆန်းဆန်းစကားတွေဆိုလာသည့်ငယ်ပုံစံကကျွန်တော့်ကိုထိတ်လန့်စေခဲ့သည်။သူဘာတွေများထပ်တွေးနေပြန်ပီလဲဆိုတာကျွန်တော်မသိ။သေချာတာကတော့ကျွန်တော်နဲ့အဝေးဆုံးကိုထွက်ပြေးဖို့စဥ်းစားနေပြန်ပီထင်၏။
အခုချိန်မှာကျွန်တော်တွေဝေနေခဲ့မိလျှင်ဒီလူသားအနားကထွက်ခွာသွားရလိမ့်မယ်ဆိုတဲ့ဒီခံစားချက်ကြီးကိုတကယ်ကိုမုန်းမိပါသည်။

HE IS MINE (သူ....) completedWhere stories live. Discover now