ep.25(Uni)

750 57 2
                                    

"ဒယ်ဒီ"

"ဟော....သမီးနွေ"

"မာမီရောရှိလား"


"အထဲမှာရှိတယ်လေ၊ သမီးဘာပြောမလို့လဲ"

"နွေ နောက်နှစ်ရက်နေရင် မန္တလေးကိုသွားမလို့ပါ ဒယ်ဒီ"
မန္တလေးဆိုမှ မန္တလေးကအိမ်ကိုတောင်သူတို့မရောက်ဖြစ်တာတောင်ကြာနေပီပဲ

"မန္တလေး?? ဘာများလုပ်စရာရှိသေးလို့လဲသမီးရဲ့"

"ရှိုင်းအမေနဲ့ စကားပြောစရာလေးတွေနည်းနည်းလောက်ရှိနေလို့ပါ ဒယ်ဒီ"


"အော်....သမီးတစ်ယောက်ထဲအဆင်ပြေရဲ့ဒယ်ဒီတို့ပါလိုက်ခဲ့ရမလား"
သမီးကိုသူတို့တွေပစ်ထားခဲ့ကြတာတော်တော်ကိုကြာနေခဲ့ပီ၊ အခုမှတာဝန်ကျေပွန်တဲ့ဖခင်တစ်ယောက်ပုံစံမျိုးလုပ်ပြချင်တာမဟုတ်ပေမယ့်အခုချိန်ကနေစပီးတော့ပဲဖြစ်ဖြစ်သမီးအတွက်သူလုပ်ပေးချင်မိသည်


"ရပါတယ်ဒယ်ဒီ အခုတော့နွေတစ်ယောက်ထဲသွားလိုက်ပါ့မယ်၊ ဒယ်ဒီတို့နဲ့ကနောက်မှအေးဆေး ထပ်သွားကြတာပေါ့"


"ဒါဆိုလည်း ဂရုစိုက်သွားနော်"


"ဟုတ်ကဲ့ အခုတော့မာမီနဲ့တွေ့ဖို့အထဲသွားလိုက်အုံးမယ်နော်"

"အင်း"


"မန္တလေးကိုဘာကိစ္စနဲ့သွားမှာလဲနွေ"

ကိုယ်တောင်ဘာစကားမှမပြောရသေး၊ မာမီက ခုနကတည်းကကြားထားခဲ့သည်ထင်၏ အိမ်ထဲစဝင်တာနဲ့မေးလာလေသည်
"ရှိူင်းအမေနဲ့သွားတွေ့မလို့"


"ဘာလို့အဲ့ကောင်လေးကိုပဲအသည်းအသန်ဖြစ်နေရတာလဲ"

"နွေကသူ့ကိုပဲချစ်လို့လေ"


"ချစ်တာနဲ့ပိုင်ဆိုင်ချင်တာနဲ့ကိုရော သေချာခွဲခြားတက်ရဲ့လားနွေ"

မာမီ​စကားကြားမှနည်းနည်းဝေတွေမိသွားသည်၊ သူတကယ်ပဲရှိုင်းကိုချစ်တာလား ဒါမှမဟုတ် သော်တာကိုကိုကြောင့်၊ ဟိုဆရာဝန်လေးကြောင့် ရှိုင်းကိုပိုင်ဆိုင်ချင်နေတာလား

"နွေ သူ့ကိုချစ်တယ်မာမီ၊ သူမှမဟုတ်ရင် တခြားဘယ်သူ့ကိုမှ လက်ခံနိုင်မှာမဟုတ်ဘူး"

HE IS MINE (သူ....) completedWhere stories live. Discover now