ep.20(Uni)

850 62 0
                                    

ဒီနေ့ သူ့လူနာဟောင်းဖြစ်တဲ့ ဦးစိုးမိုးအောင်ဆီသွားရမှာဖြစ်သည်၊
ဟိုနေ့ကမောင့်ကိုဂေဟာတခုကိုသွားမှာလို့သူပြောလိုက်မိသည်
တကယ်တမ်းကြတော့စိတ်ကျန်းမာရေးဆေးရုံကိုသွားရမှာပင်၊ ဖြစ်နိုင်ရင်ဒီနေ့အဖို့သူဘယ်မှမသွားချင် မနေ့ကရောက်လာတဲ့စာရယ် လေးလံနေတဲ့စိတ်တို့ရယ်ကြောင့်အိမ်မှာပဲနားနေချင်မိသည်၊
သို့ပေမယ့်လည်း ချိန်းထားပီးသားဖြစ်နေသည်မို့မသွားလို့မဖြစ်၊ မောင်သူ့ဆီရောက်မလာသေးခင် သူအရင်ဆုံးသွားနှင့်ဖြစ်သည်

မစီးရတာကြာတဲ့ကားလေးကိုဒီနေ့တော့ပြန်မောင်းရတော့မှာပင်၊ သူ့ကိုမစောင့်ပဲသွားသည်မို့မောင်ကတော့ စိတ်ဆိုးတော့မှာအသေအချာပါပဲ၊ သို့ပေမယ့်လည်းမတက်နိုင် သေချာပေါက်မောင်မပါပဲသွားရမည်၊ ဒါကဆရာဝန်တစ်ယောင်နဲ့လူနာအကြားမှာထားရမည့်စည်းတခုပင်

မမောင်းရတာကြာပီမို့နည်းနည်းတော့ကြောက်မိသည် လူတွေရဲ့စိတ်ကအမြဲဒီလိုမျိုးပါပဲလား ကိုယ်လုပ်နေကျအရာဖြစ်ပါ
လျက်နဲ့ခနလောက်ပစ်ထားမိပီး အဲ့အလုပ်တခုကိုအချိန်အကြာကြီးနေမှပြန်လုပ်မိလျှင် ကြောက်စိတ်တွေဝင်တက်ကြသည်၊
မနေ့ညကတနေ့လုံးလည်းကောင်းကောင်းအိပ်မပျော်နိုင်၊  မည်သူပို့မှန်းမသိတဲ့စာတစ်စောင်ကကျွန်တော့်ရဲ့ကြောက်စိတ်ကိုအဆုံးထိမြင့်တင်စေသည်

မနက်ကတည်းကကိုယ့်ကိုမစောင့်ပဲထွက်သွားတဲ့ငယ့်ကြောင့် စိတ်ထဲနည်းနည်းတော့ဝမ်းနည်းမိသည်၊ သူမလိုက်စေချင်တဲ့နေရာကိုကိုယ်မလိုက်ပဲနေပေးမှာပင် သို့ပေမယ့် ပုံမှန်အတိုင်းကိုယ့်အလုပ်ဖြစ်တဲ့ ငယ့်ကို​တော့ဆေးရုံလိုက်ပို့ပေးချင်မိသည်၊
အခုကဆေးရုံတောင်လိုက်ပို့ခွင့်မရပဲသူတစ်ယောက်ထဲထွက်သွားလေသည်
ရာဇာရှိုင်းဆက်ကို ဒီလိုလာစမ်းချင်တာပေါ့လေ သူ့ဆေးရုံရှေ့မှာကားရပ်ပီးတနေကုန်သွားစောင့်နေမည်

"ကျွန်တော်ကိစ္စလေးရှိလို့စောစောပြန်တော့မယ်မသူဇာ"

"ဟုတ်ကဲ့ပါဒေါက်တာလေး လူနာလည်းကုန်ပီဆိုတော့ စောစောပြန်လည်းရပါတယ်"

HE IS MINE (သူ....) completedWhere stories live. Discover now