ep.22(Uni)

787 57 0
                                    


"ဆေးရုံတော့ဆင်းလို့ရပီ၊
လောလောဆယ်တော့မင်းကိုယ့်အိမ်မှာပဲလိုက်နေအုံးနော်"

"တကယ်လား"

"တကယ်ပေါ့  အခုမှနေကောင်းခါစမင်းကိုတစ်ယောက်ထဲကိုယ်ဘယ်လိုစိတ်ချနိုင်မှာလဲ"

"ဒါဆို မောင် ငယ်နဲ့တူတူအိပ်မယ်နော်"

"အဟွတ်...အဟွတ်"

"ရရဲ့လားအကို ဖြည်းဖြည်းသောက်တာမဟုတ်ဘူး"

ရေသောက်နေရင်းကြားလိုက်ရတဲ့စကားကြောင့်အတော်ပင်သီးသွားခဲ့သည်
သူကတော့ဘာရယ်မဟုတ်ပဲဒီအတိုင်းပြောလိုက်တာဆိုပေမယ့် ကိုယ်ကတော့တော်တော်လေးမျက်နှာပူမိသည်
သူပြောလိုက်တဲ့စကားကို သူ့သူငယ်ချင်းတွကဘယ်လိုအဓိပ္ပာယ်ကောက်သွားကြမလဲ
ဒီကောင်လေးစကားကိုအမြဲမဆင်မခြင်ပြောတက်တယ်

"ရပါတယ် အကိုနည်းနည်းလောသွားလို့"

"ဟုတ်ကဲ့"

ရယ်ချင်ပေမယ့်မရယ်ရက် ရာ့စကားကြောင့်ရှက်နေသည့်ပုံစံက မိန်းခလေးတွေတောင်ပိုလှသေးသည်၊
ဘာလို့များ အချစ်ကိုဒီလိုမျိုးကျား၊မ ခွဲခြားနေကြရတာလဲ၊
ဒီအတိုင်းလေးလူနှစ်ယောက်ချစ်နေကြသည်လို့တွေးမပေးနိုင်ကြရတာလဲ
တခါတလေ လောကကြီးကလူတွေကနားလည်ရသိပ်ခက်သည်ပဲ

"ငါမနက်မှထပ်လာခဲ့မယ်နော်ရာ ဆိုင်ကိုပစ်ထားတာကြာနေပီ
အဲ့ဘက်ကိုခဏသွားကြည့်ရအုံးမှာမို့လို့မနက်မှပဲလာခဲ့တော့မယ်"

"အင်း ရတယ်မိသော်၊ နင်အဆင်ပြေပီးအားတဲ့အချိန်မှသာလာခဲ့
ငါ့ကိုစိတ်မပူနဲ့အပြည့်အဝစောင့်ရှောက်ပေးမယ့်ချစ်သူတစ်ယောက်လုံးရှိတယ်"

"ကဲသဲနေလိုက်တာဆိုတာ ပြောမပြောချင်ဘူး"

"မပြောချင်မပြောနဲ့ပေါ့"

"ကဲ တော်ပါတော့ အကိုရှိုင်းဆက်ခဗျာ"

"ငယ်ကလည်း မောင့်ကိုအဲ့လိုကြီးရွဲ့မခေါ်ပါနဲ့"

"ကောင်းတယ် ဝမ်းသာတယ်"

"နင်ပြန်လိုက်တော့ မိသော်"

"ပြန်မှာပါ နှင်ထုတ်မနေပါနဲ့"

"နှင်ထုတ်မှာပဲ ကြွကြွ"

HE IS MINE (သူ....) completedWhere stories live. Discover now