"နေ့လည်စာကိုသေချာစားနော်ငယ်၊ ညနေမောင်လာကြိုမယ်""နေ့တိုင်းပြောနေကြစကားတွေကိုထပ်ခါခါပြောနေတော့တာပဲနော်"
"မောင်ကစိတ်ပူလို့ပါကွာ"
"အင်းပါ နားလည်ပီမို့လို့ ကားကိုဂရုစိုက်ပီးမောင်းနော်"
"ဟုတ်ကဲ့"
ဆေးရုံထဲဝင်လိုက်သည်နဲ့ ထူးထူးဆန်းဆန်းလူတွေအကုန်လုံးကသူ့ကိုသာလိုက်ကြည့်နေခဲ့ကြသည်
လူနာတွေသာမက အတူတူလက်တွဲလုပ်လာသည့်ဆရာဝန်တွေကပါ သူ့အားထူးဆန်းသည့်လူတစ်ယောက်လို ဆက်ဆံနေကြလေသည်ဘာကြောင့်လဲ၊ ဘာကိစ္စတြွေဖစ်နေခဲ့တာလဲဆိုတာသူမသိ
ကိုယ့်အခန်းရှိရာကိုသာဝင်ခဲ့မိလိုက်သည်"ဒေါက်တာ!! အဆင်ပြေရဲ့နိုနိုး"
"ဘာကိုမေးတာလဲမသူဇာ၊
ကျွန်တော်စရောက်ကတည်းကအပြင်ကလူတွေကထူးဆန်းနေတယ်၊ အခုမသူဇာကရော ဘာကိုအဆင်ပြေရဲ့လားလို့မေးနေတာလဲ""နိုနိုး မသိသေးဘူးလား၊ ဟို....
ဆေးရုံရဲ့နေရာတိုင်းမှာ နိုးကကောင်လေးတစ်ယောက်ကိုနမ်းနေတဲ့ပုံတွေရှိနေခဲ့တယ်၊ အဲ့ဒါခုနကနိုးမရောက်ခင် အချိန်လေးကမှမသူဇာတို့သိမ်းလို့ပီးသွားခဲ့တာ""ဗျာ!!"
ဒါဆိုဆေးရုံကလူတွေကသူနဲ့မောင့်အကြောင်းကိုသိကုန်ကြပီပေါ့၊ မောင့်နဲ့ဆက်ဆံရေးကိုလူအသိမခံနိုင်သည်တော့မဟုတ်ပေမယ့် ရုတ်တရက်ကြီးမို့သူအတော်လေးရှော့ရမိသည်
ဒါဟာ သေချာပေါက် မာမားတို့ဆီကိုလည်းသတင်းရောက်သွားမှာဖြစ်သည်
ဒါဆိုရှေ့လျှောက်မောင်နဲ့သူရဲ့ဘဝဟာ ဘယ်လိုဖြစ်ကြမည်လဲ"စိတ်ကိုအေးအေးထားနိုနိုး၊ တခြားလူတွေဘယ်လိုမြင်ကြလည်းမသိပေမယ့် မသူဇာကတော့နိုးဘက်မှာရပ်တည်ချင်တယ်၊
ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်အချစ်ဟာအချစ်ပဲလေ
လူတွေကသူတို့ရဲ့အလိုဆန္ဒတြွေပည့်ဝဖို့အတွက် တခြားလူရဲ့ဘဝကိုမတွေးပေးပဲစကားလုံးတွေနဲ့အာသာဖြေတက်ကြတာ၊ တခြားသူတွေဘယ်လိုပြောပြော သူဇာကနိုနိုးဘက်မှာဆိုတာမမေ့လိုက်နဲ့နော်"
YOU ARE READING
HE IS MINE (သူ....) completed
Romanceမြတ်နိုးပိုင် အချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင် ငါကတော့မောင်လို့ပဲဖြေမယ်......❤️ ရာဇာရှိုင်းဆက် ဘယ်အခြေအနေရောက်ရောက် မောင်ကမင်းဆီကိုရောက်အောင်လာခဲ့မယ်.. မင်းဘက်က မောင့်ကိုကြိုးစားခွင့်လေးတော့ပေးမယ်မလား.......❣️