ep.12(Uni)

1.1K 83 11
                                    

ဒီနေ့ ဖွားဖွားမန္တလေးပြန်မယ်နေ့ ကျွန်တော်မျှော်လင့်ချက်တွေပျက်စီးသွားတဲ့နေ့ဆိုလဲမမှားဘူးပေါ့
နောက်နေ့တွေကစပီးအရာအားလုံးကပုံမှန်အတိုင်းပြန်ဖြစ်သွားပီ
နောက်ဆုံးတော့မနက်နိုးထလာတိုင်းတွေ့ချင်နေတဲ့မျက်နှာလေးနဲ့ဝေးရတော့မယ် ကျွန်တော်မစွန့်လွှတ်နိုင်ဘူးအရဲစွန့်ပီးသူ့ကိုဖွင့်ပြောလိုက်ရမလား
သူလက်မခံရင်ရော.....
ရှိုင်းဆက်တယောက်မနက်အိပ်ယာနိုးကတည်းကစိတ်တွေရှုပ်ထွေးနေခဲ့သည်
အဖွားဖြစ်သူပြန်မည်ဆိုတော့ ပြန်လိုက်ပို့ရပေအုံးမည်

"ဖွားဖွား ကျန်းမာရေးဂရုစိူက်နော် ကျွန်တော်ဆီ့လည်းမကြာမကြာလာလည်ပါအုံးနော်"

"လာလည်မှာသားငယ်ရယ် နောက်ဆိုဖွားတို့ကတူတူနေရမှာပဲဟာ"

"ဗျာ"

"ကဲ...မှာထားတာတွေမှတ်မိတယ်မလား ဆုံးဖြတ်ဖို့တွေဝေနေတိုင်း ဖွားဖွားပြောတာတွေကိုပြန်သတိရဖို့မမေ့နဲ့နော်"

"ဟုတ်ကဲ့ဗျ....ကျွန်တော့်ကိုပေးထားတဲ့ကတိကိုလည်းမမေ့ပါနဲ့ဗျ"

"မမေ့ပါဘူးတော်"

"ဖွားဖွားရေ..."

"ဟော....သူရောက်လာပီထင်တယ်"

"မင်းအစောကြီးရောက်လာတာပဲ မန္တလေးကိုတော်တော်ပြန်ချင်နေပုံပဲ လာလေအထဲဝင်"

ဖွားဖွားကိုလိုက်ပို့ရမှာနောက်ကျမှာဆိုးလို့စောစောလာရတာလေ
ဘယ့်နှယ့်ကိုယ်ကမန္တလေးကိုအရမ်းပြန်ချင်နေရမှာလဲ ဖြစ်နိုင်ရင်ဒီအိမ်မှာပဲတသက်လုံးသာနေလိုက်ချင်တာ

"အစောကြီးရောက်ဆို ဟိုကိုစောစောရောက်အောင်လေ ကားကတော်တော်ကြာအောင်မောင်းရမှာမို့လို့"

"အော်....ဟုတ်လား ကိုယ်က မန္တလေးကိုတခါမှမရောက်ဖူးဘူးလေ အဲ့တော့သိပ်မသိဘူး"

"တကယ်မရောက်ဖူးတာလား"

"အင်းးမရောက်ဖူးဘူး ရန်ကုန်ရောက်တာတောင်သိပ်မကြာသေးဘူးလေ"

"ဒါဆို ကျွန်တော်နဲ့လိုက်မလား ဖွားဖွားကိုပြန်ဖို့ပီးရင်ကျွန်တော်ကရန်ကုန်ပြန်လာမှာလေ"

HE IS MINE (သူ....) completedWhere stories live. Discover now