"မောင်""ပြောလေ ငယ်လေးရဲ့"
"တစ်နေ့ ငယ်တို့ဝေးသွားကြရ ရင်ရောဟင်"
"စိတ်မပူပါနဲ့ငယ်လေးရဲ့ မောင်ကအဲ့လိုဘယ်အဖြစ်ခံပါ့မလဲ"
"မောင့်ကိုချစ်တယ်......"
မျက်လုံးအသာအယာဖွင့်ကြည့်မိတော့မှ အိမ်မက်ဆိုတာသိလိုက်ရတော့သည်
သူအိမ်ကိုဘယ်လိုပြန်ရောက်လာသည်လဲဆိုတာမမှတ်မိတော့
ဘေးဘီကိုဝေ့ကြည့်မိတော့လည်းငယ့်ကိုမတွေ့ အချိန်အားဖြင့်ညနှနာရီတောင်ကျော်နေလေပီ ငယ်ကဘယ်ကိုသွားနေရတာလဲအိမ်မက်ထဲကမျက်ဉာဏ်တချို့၊ ဝေဝါးဝါးပုံရိပ်တွေရဲ့ပိုင်ရှင်ငယ်ဟာ တခါတလေမှာငယ်နဲ့သိပ်ကိုတူနေတယ်လို့ထင်မှတ်နေမိခဲ့တယ်၊
မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့အိမ်မက်ထဲကလူနှစ်ယောက်ကအခုတော့သူ့ဆီပြန်ရောက်လာကြပီထင်တယ်သူကခေါ်တယ် ငယ်လေးတဲ့......တည်ငြိမ်နေတဲ့အသံလှိုင်းလေးက တဖက်ကလူကိုအရူးအမူးစေခဲ့လေသလား
ကျွန်တော့်ရင်ထဲမွန်းကြပ်နေဆဲ ဒီလူနှစ်ယောက်ပျော်နေတာမြင်ခဲ့ရလို့ဝမ်းသာမိပေ
မယ့် ပထမဆုံးမက်ခဲ့တဲ့အိမ်မက်ထဲက ပုံရိပ်တွေဟာအခုချိန်ထိပြယ်ပျောက်မသွား၊
ဝမ်းနည်းနေသည်လား၊ နာကျင်နေသည်လား ဒါမှမဟုတ် မုန်းနေခဲ့သည်လားဆိုတာကိုကျွန်တော်ဝေခွဲမရခဲ့"အခုမှအစောကြီးရှိသေးတယ် ပြန်အိပ်လေ"
အသံလာရာကြည့်မိတော့မှ ကျွန်တော့်မြတ်နိုးရာလေးဖြစ်နေခဲ့သည်
မှတ်မိလွယ်နေခဲ့တဲ့အကြည့်တွေက နှောင်တစ်ချိန်မှာငယ့်ဆီကနေကျွန်တော်လည်းရလာနိုင်မည်လား၊
လူနှစ်ယောက်ကြားမှာမေတ္တာရေးကတည်ဆောက်ရတာသိပ်ခက်တာပဲဗျာ..."ဘာလို့လဲ ခေါင်းကိုက်နေလို့လား၊ ကိုယ်အေးတာလေးတခုခုလုပ်ပေးရမလား"
"ဟင့်အင်း 'ငယ်'မောင့်အနားကိုခဏလောက်လာပါအုံးကွာ"
အိပ်ယာထဲကနေလက်ဆန့်ပေးနေတော့ ကိုယ်လည်းအလိုက်သင့်လေးဝင်လိုက်မိတော့သည်
မောင်ကသူ့ကိုစိတ်ဆိုးပြေသွားပီထင်တယ်
နောက်ဆိုမောင်နဲ့ရန်မဖြစ်ရအောင်အတက်နိုင်ဆုံးကြိုးးစားပီးနေရတော့မှာပဲ
မောင်မရှိတော့ သူလည်းအိပ်မပျော်နိုင်ခဲ့
YOU ARE READING
HE IS MINE (သူ....) completed
Romanceမြတ်နိုးပိုင် အချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင် ငါကတော့မောင်လို့ပဲဖြေမယ်......❤️ ရာဇာရှိုင်းဆက် ဘယ်အခြေအနေရောက်ရောက် မောင်ကမင်းဆီကိုရောက်အောင်လာခဲ့မယ်.. မင်းဘက်က မောင့်ကိုကြိုးစားခွင့်လေးတော့ပေးမယ်မလား.......❣️