Chapter (77)

17.6K 2.7K 106
                                    

[TN:ပြီးဆုံးရန် ၁၁ ပိုင်းသာကျန်ပါတော့သည်]

နှစ်ကုန်စာမေးပွဲပြီးဆုံးခဲ့ပြီ။မကြာမှီရက်ပိုင်းအတွင်း ကျူယောင်ကို ခရီးထွက်ကြရတော့မယ်။

လော်ရှို့တို့ သူငယ်ချင်းတစ်သိုက်က မြင်းစီးထွက်ဖို့ ချိန်းဆိုထားကြတယ်။မုန့်ရန် စာမေးပွဲဖြေပြီးတဲ့အချိန်နဲ့ ကြုံကြိုက်နေတာကြောင့် လော်ရှို့က မုန့်ရန်ကိုပါ မြင်းစီးဖို့ ခေါ်သွားခဲ့တယ်။မြင်းစီးမထွက်ရတာ ကြာနေပြီဖြစ်တဲ့ အတွက် မုန့်ရန်ဘက်ကလဲ ပျော်ပျော်ကြီး သဘောတူခဲ့တယ်။

မြင်းခြံကနေပြန်လည်ထွက်ခွာတော့မယ် ကားသုံးစီးရှိတယ်။ကားတစ်စီးပေါ်က ချောမောလှပတဲ့ ကောင်လေးတစ်ယောက်က မုန့်ရန် စီးနင်းနေတဲ့ မြင်းကို မြင်လိုက်တာနဲ့...

"ရပ်လိုက်..ရပ်လိုက်..."

"ဘာဖြစ်လို့လဲ"

ကျောက်တဟိုင်က မေးလိုက်တယ်။

"ဟိုမှာတွေ့လား ရွှေရောင်သမ်းနေတဲ့မြင်းလေ...အရမ်းလှတာပဲ.."

ကျောက်ရိက လည်ဆန့်ပြီး ကြည့်လိုက်တယ်။တစ်ချက်ကလေးကြည့်လိုက်ရုံနဲ့ ဒီမြင်းကို ကျောက်ရိသဘောကျနေပြီ။ကြည့်လိုက်ရုံနဲ့တင် သူ့အဖေ မဝယ်ပေးနိုင်လောက်တဲ့အထိ စျေးကြီးမယ်ဆိုတာ သိသာနေတယ်။

"အဲ့တာ လော်Groupရဲ့ ဉက္ကဌကြီးမလား??"

နောက်ကားပေါ်က သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က လှမ်းပြောလိုက်တယ်။

"ဘယ်မှာလဲ?"

"ရွှေရောင်သမ်းနေတဲ့ မြင်းပေါ်ကတစ်ယောက်လေ"

"တကယ်ထူးဆန်းတာပဲ...ဒါဆို ဉက္ကဌလော်နဲ့ အတူစီးနေတာဘယ်သူလဲ??ဉက္ကဌလော်က တကယ်ကြီး အဲ့လူအတွက် မြင်းထိန်းပေးနေတာလား??"

"ပေါက်ကရမေးခွန်းတွေမေးနေပြန်ပြီ။အဲ့တာ လော် Groupရဲ့မင်းသားလေးလော်ကျွင်းရယ်ကို မွေးပေးထားတဲ့သူကွ...လော်ရှို့ကိုယ်တိုင် မြင်းထိန်းပေးနေတာ မထူးဆန်းတော့ဘူး"

"ကြည့်လိုက်ပါဉီး...မစ္စတာလီ၊မစ္စတာချီနဲ့ မစ္စတာဟယ်တို့လဲ အဲ့မှာရှိနေတာပဲ..."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now