Chapter (84)

17.6K 2.7K 100
                                    

[TN:ပြီးဆုံးရန် 4 ပိုင်းသာကျန်ပါတော့သည်]

Villaကို ပြန်ရောက်တာနဲ့ မုန့်ရန်က နာနီတွေလက်ထဲကနေ ကလေးငယ်လေးကို ချက်ချင်းပွေ့ချီလိုက်တယ်။

အဖေနှစ်ယောက်စလုံးက သူ့ကိုမခေါ်ဘဲ ထွက်သွားတာကြောင့် ကလေးငယ်လေးတော်တော် ငိုခဲ့ရသေးတယ်။

မုန့်ရန်က သားဖြစ်သူရဲ့ မျက်နှာအနှံကို တရှုံ့ရှုံ့နမ်းရှိုက်လိုက်ပြီး....

//ဒီနေ့ ဒီအချိန်ကစပြီး ဘာမှဝမ်းနည်း နာကျင်နေစရာ အကြောင်းမရှိတော့ဘူး...အခုချိန်ကစပြီး ဘဝတစ်သက်တာလုံး အပြည့်အဝပျော်ရွှင်သွားရတော့မယ်//

မုန့်ရန်က လော်ရှို့ကို လှမ်းကြည့်လိုက်တယ်။မုန့်ရန်ရဲ့ အကြည့်တွေကို မြင်တာနဲ့ လော်ရှို့က မုန့်ရန်တို့ သားအဖကို ပွေ့ဖက်လိုက်ပြီး မုန့်ရန်ကို နမ်းလိုက်တယ်။

လော်ကျွင်းရယ်က လက်ဖောင်းဖောင်းလေးတွေ ပါးစပ်ထဲထည့်ပြီး တမြုံ့မြုံနဲ့ ဝါးနေတယ်။

နေ့လည်စာစားပြီးချိန်မှာ ဝူဖန်ရောက်လာခဲ့တယ်။မုန့်ရန်က ကလေးကို ချော့သိပ်ပြီးတာနဲ့  ဝူဖန်နဲ့တွေ့ဖို့
အောက်ထပ်က ဧည့်ခန်းဆီရောက်လာခဲ့တယ်။

"ဒီခြံဝင်းက အရမ်းလှတာပဲ..."

ဝူဖန်က တောင်တန်းတွေ ၊မြစ်ပြင်ကျယ်တွေ၊လှပတဲ့ သစ်ပင်ပန်းမန်တွေကို ပြတင်းပေါက်နားမှာ ရပ်ပြီး ကြည့်နေတယ်။

"ဒီလောက်လှတဲ့ ရှုခင်းမျိုးကို နှိုင်းပြစရာစကားလုံးတောင်ရှာမတွေ့တော့ဘူး။ ပိုက်ဆံရှိတာ တကယ်ကောင်းတာပဲနော်..."

မုန့်ရန်က ရေနွေးတစ်ငုံသောက်လိုက်ပြီး...

"ပိုက်ဆံရှိတာကောင်းတော့ကောင်းတယ်၊ဒါပေမယ့် သာမာန်လူတွေ သည်းမခံနိုင်လောက်တဲ့ ဖိအားတွေကိုလဲ ခံနိုင်ရည်ရှိမှရမယ်..."

ကျောက်ရိက ရေနွေးခွက်ကို မော့သောက်လိုက်ပြီး မနာလိုမှုတွေလျှံကျနေတဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို ဖုံးကွယ်လိုက်တယ်။

"ဉက္ကဌလော်က သာမာန်လူမှမဟုတ်တာ..အဲ့တော့ ဒီလိုဖိအားတွေကို ခံနိုင်ရည်ရှိတယ်မလား..."

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now