Chapter (87)

18.8K 2.7K 130
                                    

[TN:ပြီးဆုံးရန် အပိုင်း 1ပိုင်းသာကျန်ပါတော့သည်]

7နှစ်သားအရွယ် လော်ကျွင်းရယ်က လော်ရှို့ရဲ့ စာကြည့်ခန်းထဲမှာ မတ်တပ်ရပ်နေတယ်။ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သတ်လာရင် လော်ရှို့က အမြဲတမ်းစည်းကမ်းတင်းကြပ်ထားတယ်။အပြစ်လုပ်ထားတဲ့အခါတွေဆို ကလေးကိုငယ်သေးဆိုပြီးဘယ်တော့မှ လျှော့ပေါ့ပြီး အပြစ်မပေးခဲ့ပေ...ထို့အတူ ချီးကျုးစရာရှိရင်လဲ ပွင့်ပွင့်လင်းလင်းချီးကျူးဂုဏ်ပြုပေးတယ်။

တစ်ချို့သောသူတွေက ငယ်ရွယ်တဲ့ ကလေးတွေကိုကြမ်းကြမ်းတမ်းတမ်းမဆုံးမသင့်ကြောင်း၊ ကလေးအရွယ်မှာပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်နေသင့်ကြောင်း၊အရမ်းစည်းကမ်းတင်းကြပ်လိုက်တဲ့အခါ ကလေးငယ်တွေရဲ့ ရိုးသားဖြူစင်တဲ့ စရိုက်တွေပြောင်းသွားနိုင်ကြောင်း တွေးထားတတ်ကြတယ်။
တကယ်ကြတော့ အဲ့လို အလိုလိုက်ထားတဲ့ ကလေးတွေကို အရွယ်တစ်ခုရောက်တော့မှ သေချာထိန်းသိမ်းသွန်သင်ဖို့ခက်ခဲမယ်ဆိုတာ သတိမပြုမိကြဘူး။

ကလေးတွေကို အထိန်းအကွပ်မရှိ လွတ်လပ်စွာကြီးပြင်းစေခြင်းက ကလေးတွေရဲ့အနာဂတ်ကို ဖျက်စီးဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါ.....

လော်ရှို့ ဘယ်လောက်အလုပ်များနေပါစေ ကလေးတွေရဲ့ပညာရေးကိုဘယ်တုန်းကမှ လျစ်လျူမရှူထားခဲ့ပေ....

ကလေးတွေကို ကိုယ်တိုင်စည်းကမ်းတကျနေတတ်အောင်သင်ပေးတယ်၊အပေါင်းအသင်းရွေးတာမှန်ဖို့ရယ်၊စိတ်ဓာတ်ပိုင်းဆိုင်ရာကြံခိုင်ပြီး သဘောထားတွေမှန်ကန်ဖို့ရယ်၊ဘယ်အလုပ်ကိုမဆို ဇွဲလုံ့လဝီရိယအပြည့်နဲ့ လုပ်ဆောင်ဖို့ရယ်၊အဆင်မပြေမှုတွေကြုံလာတိုင်း ခေါင်းအေးအေးထားပြီး ပြသာနာတွေကိုတရားနည်းလမ်းတကျ ​ဖြေရှင်းတတ်ဖို့တွေကို သေချာသွန်သင်ဆုံးမထားပေးတယ်။

"....ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ လူကြီးတွေကို တစ်ပတ်ရိုက်ချင်နေတယ်ပေါ့...ဉာဏ်ပညာကြီးမြတ်ဖို့ဆို ငယ်ငယ်ကတည်းက ဂရုတစိုက်လေ့လာသင်ယူဖို့လိုတယ်။အမြင့်ကိုရောက်လေ အကျနာလေပဲ...အကျမနာချင်ရင် ဒီ့ထက်မက ဉာဏ်ရှိရှိနဲ့ ကြိုးစားရမယ်....ငါပြောတဲ့စကားတွေထဲမှာ မင်းအတွက် နားမလည်နိုင်တဲ့စကားတွေပါလား??"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now