Chapter (88)

35.7K 3.1K 237
                                    

[TN: Final Part...]

လော်ရှို့နဲ့သားငယ် နှစ်ယောက် ရေကူးနေတာကို မုန့်ရန်က ရေကူးကန်ဘောင်ပေါ်မှာ ထိုင်ပြီး ကြည့်နေတယ်။

အားလပ်ချိန်ရတိုင်း လော်ရှို့က ကလေးတွေနဲ့အတူအားကစားတစ်ခု မဟုတ်တစ်ခု အတူတူလုပ်ပေးခဲ့တယ်။ကလေးတွေကို ကိုယ်လက်ကြံခိုင်အောင် အားကစားနည်းတစ်ခုခုသင်ပေးဖို့လိုတယ်မဟုတ်လား...

နှစ်ခေါက်သုံးခေါက်လောက် ကူးပြီးချိန်မှာ လက်ထောက်တစ်ယောက်က အလုပ်ကိစ္စအကြောင်းသတင်းလာပို့တာကြောင့် မုန့်ရန်နဲ့ကလေးတွေပဲ ရေကူးနေခဲ့ကြတယ်။

အခုချိန်မှာ အကြီးဆုံးသား ကျွင်းရယ်နဲ့ အသက် 12 နှစ်အရွယ် သားလတ် ကျွင်းဟန်တို့နဲ့ ရေပြိုင်မကူးနိုင်တော့ပေမယ့် အငယ်ဆုံးသားလေးကိုတော့ နိူင်လောက်မယ်လို့ မုန့်ရန်တွေးလိုက်မိတယ်။

"ပါပါးကို နှစ်မီတာအကြောပေးရမလား?"

ကျွင်းရှုလေးက မုန့်ရန်ရဲ့ဘေးကို ကူးလာပြီး ပြောလိုက်တယ်။

"ညစ်ပတ်အိုးလေးက ပါပါးကို အထင်သေးတယ်ပေါ့...ဟုတ်လား?"

မုန့်ရန်က ကျွင်းရှုရဲ့ မျက်နှာလေးကို ကိုင်ပြီး မကျေမနပ်ဖြစ်နေဟန်နဲ့ မေးလိုက်တယ်။

"ဟုတ်ပါဘူး....အဲ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး။ ပါပါးက သားကို မယုံဘူးလား?"

ကျွင်းရှုလေးက အပြစ်ကင်းစင်နေတဲ့ အကြည့်လေးတွေနဲ့ ကြည့်ပြီး မေးလိုက်တယ်။

"အကြောမပေးရပါဘူး...ပြီးတော့ ပါပါးကို တမင်သက်သက်အရှုံးမပေးရဘူးနော်...မဟုတ်လို့ကတော့ မင်းကို ဒယ်ဒီနဲ့ ပြိုင်ခိုင်းလိုက်မယ်..ရှုံးလို့ကတော့ သိတယ်မလား.ဟင်းး ဟင်းး..."

မုန့်ရန်က ကျွင်းရှုလေးကို ခြိမ်းခြောက်လိုက်တယ်။

"သိပါပြီ...သိပါပြီ...."

ကျွင်းရှုလေးက မုန့်ရန်ရဲ့ လက်ကိုကိုင်ပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်တယ်။

"မျှမျှတတ ​ပြိုင်ပါ့မယ်...."

ကျွင်းဟန်က ရေကန်ဘောင်မှာ ထိုင်ပြီး မုန့်ရန်နဲ့ ကျွင်းရှုတို့ရဲ့ ​ပြိုင်ပွဲကို ကြည့်နေတယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now