Intro

4.5K 317 31
                                    

ထုပ်ပိုးသယ်ဆောင်သွားရမည့် ပစ္စည်းတွေကို
ဖြန့်ခင်းထားသော ပိုးပဝါပေါ်သို့
တစ်ခုချင်းထပ်စီထည့်ထားလိုက်၏။

လိမ္မော်ရောင် ပန်းချည်ထိုးထားတဲ့ ဖိနပ်ကလေးရယ်၊
လိမ္မော်ရောင်ကျောက်ကလေးစီထားတဲ့
အနက်ရောင် ခေါင်းဘီးကလေးရယ်၊
လိမ္မော်ရောင်ပိုးသားဖြင့် အနားကွပ်ထားတဲ့
အဖြူရောင်သိုးမွှေးဝတ်ရုံရယ် စသဖြင့်
တစ်ခုမှမကျန်ရလေအောင် ထည့်ယူလိုက်၏။

ကျန်ရှိတဲ့ လိမ္မော်ရောင် အသုံးအဆောင်တချို့ကတော့
ခရီးကို ယူသွားဖို့ရာ မသင့်တော်တာမလို့ မယူဖြစ်။

လိမ္မော်ရောင်ပိုးသားဖြင့် ဖန်တီးပြုလုပ်ထားတဲ့
ကြိုးရှည်တပ် အိတ်ရှုံ့ကလေးကိုတော့
ကိုယ်မှာ သိုင်းလွယ်လိုက်ပါ၏။

"သခင်လေး မြန်မြန်လုပ်ပါ။ သခင်ကြီး ခေါ်နေပြီ။"

နံဘေးမှ Xiao Xiang မှ တဖွဖွ ဆော်သြနေသည့်နောက်
သူလည်း အဆင်သင့်ဖြစ်သွားတာမလို့
အထုပ်အပိုးများအား ကမ်းလှမ်းသယ်ယူစေလိုက်၏။

နှစ်ယောက်သား ပြေးထွက်လိုက်သည့်အခါ
အိမ်တော်အဝမှာ ခရီးသွားဖို့ စုဝေးနေကြသော
ဖခင်တို့အား မြင်ရလေသည်။

"ဖေဖေ......"

"လာပြီလား....ခရီးဖင့်ကုန်တော့မှာပဲ။"

"ဟီး....."

Luhan က မျက်နှာချိုသွေး ပြုံးရယ်ပြလျက်
မိမိအတွက် ပြင်ထားသော မြင်းလှည်းတစ်စီးတွင်းသို့
ဝင်ရောက် နေရာယူလိုက်သည်။

လှည်းအတွင်းရှိ အသင့်ပြင်ထားသော သရေစာများကို
မြင်သည့်အခါ Luhan ရော Xiao Xiang ပါ သဘောတကျ
ပြုံးမိကြသည်။

ထိုထဲမှ လိမ္မော်သီးကလေးတစ်လုံးကို
ကောက်ယူမွှေးကြည့်ရင်း မြင်းလှည်း၏
ဘေးတွင်ကာရံထားသော ကန့်လန့်ကာစကို
မ,တင်ကြည့်လိုက်တော့ ဖခင်ကုန်သည်ကြီးမှ
အိမ်တော်ထိန်းဖိုးဖိုးအား မှာကြားနေသည်ကို မြင်ရ၏။

ဖေဖေက သူ့ကျ ကြာသလေးဘာလေးနဲ့....

"သခင်လေး.....ခရီးက ၃ရက်ကြာမှ ရောက်မှာတဲ့နော်။
မြင်းလှည်းအကြာကြီး စီးရမှာပဲ။"

Yours [Completed]Where stories live. Discover now