23

1.3K 231 23
                                    

နန်းမြို့ရိုးစောင့်တပ်ဟူသည်ကား
နန်းတော်တစ်ခုလုံး၏ လုံခြုံရေးအတွက်
စောင့်ကြပ်ပေးရသည်မှန်သော်ငြား
ဧကရာဇ်၏ သားတော်တစ်ပါး တာဝန်ယူရမည့်
နေရာမဟုတ်ခဲ့ချေ။

သာမန်လူလတ်တန်းစားကသာ ထိုတပ်စု၏
ခေါင်းဆောင်ဖြစ်သွားမည်ဆိုပါက
အမှန်ပင် ရာထူးတိုးခြင်းအတွက်
ဂုဏ်ပြုထိုက်ပေသော်ငြား

မင်းသားတစ်ပါးနေရာကနေ တွက်ဆလျှင်တော့
ရာထူးချခံလိုက်ရခြင်းမျိုးသာဖြစ်သည်။

လက်အောက်ငယ်သားများ၏
စောင့်ကြပ်ပေးမှုဖြင့် နေထိုင်ရမည့် မင်းသားမှာ
မိမိနေထိုင်ရမည့် အိမ်တော်ကို
ပြန်လည်စောင့်ကြပ်ပေးရခြင်း၊
အခြားအိမ်သားများ ခေါင်းပြားအောင်
အိပ်စက်နိုင်ဖို့အရေး ဆောင်ရွက်ပေးရသည်ဆိုကတည်းက
ထိုသူအား ထိုနေရာ၏ ပိုင်ရှင်အဖြစ်
မသတ်မှတ်ထားဘူးဟု ပြသလိုက်ခြင်းပင်ဖြစ်တော့သည်။

"ဧကရာဇ်က တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ကို
ချမှတ်ခဲ့တာပါ။"

လက်ဖက်ရည်ခွက် ငှဲ့ပေးရင်း ဧကရီက
ပြုံးကာ ချီးကျူးစကားဆိုလာခဲ့သည်။

"ဒီဆုံးဖြတ်ချက်က ဧကရီ လိုချင်ခဲ့တာမဟုတ်ဘူးလား။"

ပေလိပ်များကို တစ်ခုစီဖတ်နေရင်း
ဧကရာဇ်က ဆိုလာလျှင် ဧကရီက
နှုတ်ခမ်းတစ်ဖက်ကို ကော့နေအောင် မဲ့ချလိုက်၏။

"Shixun က နောင်တစ်ချိန်မှာ ဧကရာဇ်အတွက်
ပြဿနာဖြစ်လာနိုင်တာကြောင့်
ကျမက သတိပေးရတာပါ။
ဒါကို ဒီလို ပြောလို့ဘယ်ဖြစ်မလဲ?"

"အင်း....ကိုယ်တော့်အတွက်လား?
Jing  အတွက်လားဆိုတာ မင်းကိုယ်တိုင်ပဲ သိမှာပေါ့။"

"ဧကရာဇ်!!
Jing ကလည်း ဧကရာဇ်ရဲ့သားအရင်းပါ။
ဒီလိုစကားတွေနဲ့ ကျမကို စိတ်မကောင်းအောင်
လုပ်မှ ဖြစ်မှာလား?"

ဧကရာဇ်က တစ်ခွန်းမှ မတုံ့ပြန်ဘဲ
ဧကရီ အသင့်ငှဲ့ပေးထားသော
ပန်းလက်ဖက်ရည်ကို သောက်သုံးတော်မူသည်။

ခဏအကြာမှ ကြွေခွက်ကို ပြန်ချလိုက်ပြီး....

"Shixun က နန်းတော်ကနေ
ထွက်သွားခွင့်တောင်းနေတယ်။
ကြင်ယာတော်နဲ့ပဲ ခမည်းခမက်တော်ဆီမှာ
အခြေချချင်တော့တဲ့ပုံပဲ။"

Yours [Completed]Where stories live. Discover now