18

1.3K 238 26
                                    

သီတင်းပတ်တစ်ပတ်ကြာပြီးသည့်နောက်
နန်းမြို့တော်ကို ပြန်ရတော့မည်ဖြစ်သည်။

"အဟင်း....."

မိမိပေါင်ထက် ခေါင်းအုံးကာ လှဲလျောင်းနေသည့်
ကြင်ယာတော်က သက်ပြင်းချလာသည့်အခါ
Shixun မှာ ငုံ့ကြည့်မိ၏။

"အရှင့်သား....ကျနော်တို့ ဒီမှာပဲ အပြီးနေလို့မရဘူးလား?"

Shixun ၏ မျက်နှာ ကွပ်ကနဲ ပြန်သွားသည့်အခါ
စိတ်မကောင်းဖြစ်ရသည်ကလည်း Luhan ပါပင်။

"ကျနော်က သက်သက်လျှောက်ပြောတာပါ။
မြို့တော်မှာလည်း ပျော်တယ်ရယ်။"

Luhan က စကားဖာထေးပြောလာသည့်အခါ
Shixun က Luhan နဖူးလေးကို
လက်ချောင်းများဖြင့်ထိတွေ့လာရင်း

"ကိုယ်ကြိုးစားပါ့မယ်။ ခဏစောင့်ပေးနော်။"

ထိုအခါ Luhan က ပြုံး၍ ခေါင်းငြိမ့်လာပါချေ၏။

ထို့နောက် နန်းမြို့တော်သို့အပြန် ယူသွားကြရန်
လိမ္မော်သီးများ ခူးဆွတ်ဖို့ ခြံထဲသွားကြရသည်။

သည်အချိန်ဆိုလျှင် မြို့တော်မှာ လိမ္မော်သီးရှားပါးနေပြီး
Luhan တို့ခြံထွက်အသီးများမှာ
မည်သည့်အသီးများနှင့်မှမတူ
ပို၍ ချိုအီမွှေးပျံ့ကာ အလုံးအထည်မှာလည်း
လှပလွန်းတာကြောင့် လက်ဆောင်ပေးဖို့ရာ
အသင့်တော်ဆုံးပင်။

Luhan ကတော့ ဧကရာဇ်နဲ့ ဧကရီကို ဆက်သဖို့ရာ
ကိုယ်တိုင်ရွေးချယ် ခူးဆွတ်ရမည်။

"ဒီမှာနေရတာ အဆင်ပြေကြရဲ့လား?"

အမှုထမ်းများကို Luhan မေးလိုက်တာဖြစ်သည်။

Shixun ၏ အစေခံများမှာ Shixun
သွားရာနောက်လိုက်ပြီး ခစားဖို့ တာဝန်ရှိပြီးသားပေမယ့်
Luhan မှာတော့ ထိုသူများကို
မိမိဒေသ မိမိအိမ်တော်သို့ လာတည်းခိုသော
ဧည့်သည်များဟုသာ သဘောထားမိလေသည်။

ထို့ကြောင့် နေရထိုင်ရအဆင်မပြေမှာ
တစ်ခုခုလိုအပ်မှာ စိတ်ပူရချေ၏။

"အဆင်မပြေပါဘူး ကြင်ယာတော်ရယ်။"

အသက်အကြီးဆုံး နန်းတွင်းသူက မျက်နှာငယ်နဲ့
ပြောလာလျှင် Luhan မှာ လှုပ်လှုပ်ရှားရှား။

Yours [Completed]Where stories live. Discover now