22

1.1K 211 9
                                    

အိပ်ရာကျယ်ထက်တွင် အမျိုးသားတစ်ဦးမှာ
လှဲလျောင်းနေလျက်။

ညာဘက်လက်ကို နဖူးပေါ်တင်ထားလျက်
ပက်လက်ဆန့်တန်းကာ မျက်လုံးများမှေးမှိတ်ထား၏။

Shixun မှာ အိပ်ရာနိုးနေပြီဖြစ်သော်ငြား မထဖြစ်သေး။
လှဲလျောင်းကာ ဆုံးဖြတ်ရမည့်ကိစ္စများအတွက်
သေချာတွေးတောဖြစ်နေတာဖြစ်သည်။

ခဏကြာပြီးသည့်အချိန်မှာတော့
ခြေသံတိုးဖော့ဖော့လေးနှင့်အတူ
အနံ့သင်းသင်းတစ်ခုကို သူရရှိလိုက်ပေ၏။

Luhan က အိပ်ရာပေါ် တက်လို့လာလိုက်ပြီး
Shixun ကိုယ်ထက်က ခြုံစောင်ကို
ဘေးသို့ ဆွဲဖယ်လိုက်သည်။

ထို့နောက် သူကိုယ်တိုင် ဝမ်းလျားမှောက်လှဲလိုက်ကာ
Shixun ရင်ဘတ်တစ်ခြမ်းအား ပါးတို့ဖြင့်
ပွတ်သပ်လေသည်။

ဝတ်ရုံစကြိုးကို မချည်ဘဲ ရင်ဘတ်ကို လှစ်ဟထားသည်မို့
ပါးပြင်၏ နူးညံ့သော အထိအတွေ့မှာ
Shixun အသည်းယားသွားရ၏။

မျက်လုံးများမှေးစင်းငုံ့ကြည့်နေမိသော်ငြား
Luhan ကတော့ Shixun ၏ ရင်ဘတ်ကို
သူ့ပါးပြင်လေးနဲ့ပွတ်သပ်ရေးမှာသာ
အာရုံအလုံးစုံစိုက်နစ်ထားချေသည်။

ငြိမ်ကြည့်နေဖို့ပေမယ့် နူးညံ့သည့် လျှာဖျားလေးကပါ
ရင်ဘတ်ကို ပလပ်ပလပ်နဲ့ လာတို့နေတော့
Shixun မနေတတ်တော့ချေ။

"ဘာတွေ လုပ်နေတာလဲ?"

အိပ်ရာနိုးကာစမို့ Shixun လေသံက ခပ်အစ်အစ်။

Luhan က မျက်လုံးလေး လှန်ကြည့်လို့လာပြီး
Shixun လက်တစ်ဖက်အားလည်း ဆွဲယူသွားသေး၏။

ထို့နောက် Shixun လက်ခုံကို သူ့ပါးပြင်လေးနဲ့ပွတ်သပ်ပြီး
လျှာနဲ့ပါ ထပ်တို့လာလျှင်
အသည်းယားသထက်ယားလာတာကြောင့်
လွှတ်မထားနိုင်တော့ပေ။

"ဘာတွေလုပ်နေတာလဲ? ကိုယ့်ကို ပြောဦးလေ။"

လက်မောင်းလေးများမှ ဆွဲယူကာ
ရင်ဘတ်ပေါ် မ,တင်လိုက်ရသည်။

ရင်ခွင်ထက် မေးလေးတင်ထားလိုက်ကာ
မော့ကြည့်လာသည့် မျက်လုံးများက တောက်ပလျက်။

"ဟင်?"

မျက်ခုံးပင့်လျက် အမေးကိုဖြေဖို့
ထပ်ပြီး လှုံ့ဆော်လိုက်မိလျှင်
Luhan က နှုတ်ခမ်းလေးတွေ ဖွင့်ဟလို့ ဆိုလာခဲ့သည်။

Yours [Completed]Where stories live. Discover now