15

1.4K 254 23
                                    

ဖေဖေ့ဆီမှ ပြန်လာပြီးတော့ Luhan ခြေလှမ်းလေးတွေ
တက်ကြွသွက်လက်နေခဲ့သည်။

_သားသေချာ ပြန်စဉ်းစားကြည့်။
မင်းသား Jing နဲ့သာ လက်ဆက်လိုက်ရရင်
အခုလို သားပျော်နေရမယ် ထင်လို့လား_ တဲ့။

_သြဇာအာဏာတွေအတွက်
သားက အသုံးချခံဖြစ်သွားရင်
သေချာပေါက် နာကျင်ခံစားနေရမှာ_ တဲ့။

ဖေဖေပြောလိုက်သည့်စကား။
Luhan လည်းပဲ ဖေဖေ့လို တွေးမိပါသည်။

သူသာ မင်းသား Jing နဲ့ လက်ဆက်ခဲ့ရမယ်ဆိုရင်
အစပိုင်းမှာတော့ ဘာမှမသိဘဲ သူပျော်ရွှင်နေခဲ့မည်။
နောက်ကျရင်တော့ တဖြည်းဖြည်းနဲ့ မွန်းကြပ်လာရကာ
သူ့ရဲ့ ပျော်ရွှင်မှုများ လုံးဝပျောက်ဆုံးသွားနိုင်သည်။

ဒါဆိုရင် အခုကရော?

ဟင်း....အခုကတော့
အရှင့်သား Shixun ရဲ့ အချစ်ဦးဆိုသူကို
နည်းနည်းမနာလိုဖြစ်ရတာကလွဲလို့
ကျန်တာအကုန်အဆင်ပြေပါသည်။
လွတ်လပ်ပျော်ရွှင်မှုကို သူရရှိနေပါ၏။

စစချင်း မုန်းတီးခဲ့မိသည်မှစလို့
တဖြည်းဖြည်း ချစ်ခင်အားကိုးလာအောင်
ပြုစားနိုင်သူကြီးနဲ့
မိမိမှာ လက်ဆက်ခဲ့ရသည်မဟုတ်ပါလားလေ။

"ကြင်ယာတော် ဟီဟိ....."

အစေခံမိန်းကလေးများက Luhan ကို စနောက်ချင်ဟန်။

Luhan က တမင်ပင် မျက်မှောင်လေးကြုတ်ကာ
စိုက်ကြည့်ပေးလိုက်သည်။

သို့သော် ထိုကလေးမများမှာ Luhan ကို မရှိန်ကြချေ။

"သခင်လေးရဲ့ မင်းသားက ချောလိုက်တာနော်။"

ထပ်တိုးလို့ပင် စနောက်နေကြပြန်၏။

"ဘာဖြစ်လဲ ဘာဖြစ်လဲ....
ငါက ချောလို့ ချောတဲ့သူနဲ့ ရတာ ဘာဖြစ်လဲ?"

Luhan က ရန်တွေ့သလိုလေးပြောပေးကာ
အနိုင်ပိုင်းပစ်လိုက်သည်။

"သခင်လေးးးးးး"

အပြေးကလေးရောက်လာတာကတော့
Xiao Xiang ပါ။
ခေါ်ချင်သလိုခေါ်နေတော့တာပဲ။

"ကြင်ယာတော်ပါ...."

"အာ မေ့လို့ မေ့လို့...ကြင်ယာတော်လေး ဟဲဟဲ...."

Yours [Completed]Where stories live. Discover now