10

1.2K 250 45
                                    

ဆံနွယ်များကို ကူညီထုံးဖွဲ့ပေးနေသော Xiang က
တိတ်ဆိတ်ငြိမ်သက်နေသည့် ကြင်ယာတော်အား
မကြာခဏ အကဲခတ်နေလေသည်။

ယခင်ကဆိုလျှင် စကားစမည်ပြောတတ်လွန်းသည့် Luhan က
ယနေ့မနက်မှာတော့ ကျောက်ရုပ်ကလေးသဖွယ်
ငြိမ်ကုပ်နေသည် မဟုတ်ပါလား။

"ကြင်ယာတော်...နေလို့ မကောင်းဘူးလား?"

Luhan မကြား။
ခပ်တွေတွေကလေး ငေးနေကာ အတွေးများလွင့်နေဆဲ။

"ကြင်ယာတော်!"

"ဟင်?"

"နေမကောင်းဘူးလားလို့.... ပုံစံက နွမ်းနေလို့လေ...."

Luhan က ကြေးမုံပြင်ထက်က မိမိပုံစံကို မိမိတစ်ချက်ကြည့်ရင်း
သက်ပြင်းရှိုက်၏။

"စိတ်ကြီးက လေးပင်ပြီး နေမကောင်းဘူး။
ညကလည်း အိပ်မပျော်လို့...."

Xiang က ခေါင်းဘီးကို သိမ်းကာ Luhan မျက်နှာလေးအား
သေချာထပ်ကြည့်လို့လာသည်။

ထိုအခါ ကြင်ယာတော်ရဲ့ မျက်လုံးလေးများက
ခပ်မှိုင်းမှိုင်းဖြစ်နေသည်ကို သေချာသတိထားမိလာ၏။

"ဘာလို့အိပ်မပျော်တာလဲ? အရမ်းအေးနေလို့လား?"

"မဟုတ်ဘူး...."

Luhan က နှုတ်ခမ်းလေးကိုက်ကာ ခဏငြိမ်နေလျှင်
Xiao Xiang ရဲ့ မျက်နှာအမူအရာက
တဖြည်းဖြည်းထူးဆန်းလာခဲ့လေပြီ။

"ကြင်ယာတော်...မဟုတ်မှလွဲရော...."

"ဘာကြီးလဲ...မဟုတ်ဘူးနော်..မင်းထင်သလို မဟုတ်ဘူး။"

Luhan ခပ်မြန်မြန်ငြင်းပစ်လိုက်ရသည်။
ထိုအခါ Xiao Xiang ရဲ့ မျက်နှာက တဖန်ပြန်မှိုင်းကျသွား၏။

" သူကဖြင့် လာတောင်မထိဘူး။"

Luhan လေသံက ခပ်တိုးတိုးရယ်။
ထုတ်ပြောရတာ နည်းနည်းရှက်ပေမယ့်လည်း
သူ့မှာ ရင်ဖွင့်ပြောစရာဆိုလို့ အတူကြီးပြင်းလာသူ
ဒီတစ်ယာက်ပဲရှိသည်မဟုတ်လော။

"ဗျာ...."

Xiang က နားမလည်။

"....အရင်ညတွေကဆို သူက လာပြီး...အင်း....ဖက်ထားတာ။
ညကတော့ အသားချင်းတောင် လာမထိတော့ဘူး။"

Yours [Completed]Where stories live. Discover now