29

1.1K 202 27
                                    

ဥယျာဉ်တော်အတွင်း၌ နန်းတွင်းသူများ တီးခတ်နေသော
ဗျပ်စောင်းသံအား နားစွင့် ခံစားနေသည့် ဧကရာဇ်မှာ
ငြိမ်သက်လျက်။

နားထင်တစ်ဖက်ကို လက်သီးဆုပ်ဖြင့်
ထောက်ကန်ထားရင်း မျက်ဝန်းများမှေးမှိတ်ထားသူက
မကြာခင်မှာပင် အနှောက်အယှက်ပေးခံရလေတော့သည်။

"ဧကရီ!"

အထိန်းတော်များ၏ တားမြစ်သံကို ကြားလိုက်ရသဖြင့်
မျက်လုံးဖွင့်ကြည့်သည့်အခါ
မိမိဆီ ဦးတည်လျှောက်လှမ်းသော သူမအား မြင်ရပါ၏။

"ဧကရီ....ကိုယ်တော် အနားယူချိန်ဆို
ဘယ်သူ့ကိုမှ လာခွင့်မပြုဘူးဆိုတာ မသိဘူးလား?

ဧကရီက တစ်ခွန်းမျှမဆိုဘဲ နံဘေးရှိ နန်းတွင်းသူများအား
ထွက်သွားစေလိုက်သည်။

ပြီးမှ ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ပြီး

"ဧကရာဇ် ....Shixun ကို ဘာလို့ မြို့ရိုးစောင့်တပ်ကို
ပို့လိုက်တာပါလဲ?"

ဧကရာဇ်က ပျင်းရိသလို တစ်ချက် သမ်းလိုက်ပြီးမှ
ခပ်ပေါ့ပေါ့ဖြေလာခဲ့သည်။

"ဘာမဟုတ်တဲ့ ရာထူးလေးကို မင်းစိတ်ပူနေတာလား?"

"ဘာမဟုတ်တဲ့ ရာထူး?"

ဧကရီမျက်နှာက ပိုလို့ တည်တန့်လာ၏။

"ဧကရာဇ် အဲ့ဒါကို တခြား ရည်ရွယ်ချက်နဲ့
လုပ်ခဲ့တာလို့ ကျမ ဘာကြောင့်ခံစားနေရတာပါလိမ့်?"

"ဒါကတော့ မင်းအတွေးလွန်နေတာဖြစ်မှာပေါ့။"

"ဧကရာဇ်....အခု လက်ဝဲအမတ်ကြီးက
Shixun ကို သီးသန့်တွေ့ဆိုနေတယ်ဆိုတာရော
သိပါသလား?"

"လက်ဝဲအမတ်ကြီးက ? ကိုယ်တော် မကြားမိပါဘူး?"

ဧကရာဇ်၏ မထီမဲ့မြင်နဲ့ ပေါ့တိပေါ့ပျက်ဟန်ကြောင့်
သူမမှာ ဒေါသပိုထွက်လာရသည်။

"ဧကရာဇ်.....မဟုတ်မှလွဲရော Shixun ကို ပုန်ကန်နိုင်ဖို့
ကူညီနေတာတော့ မဟုတ်ပါဘူးနော်။"

သူမက သူမခန့်မှန်းချက်ကို ထုတ်ပြောလိုက်သည်။
ဧကရာဇ်က Shixun ကို အရိုက်အရာလွှဲပေးဖို့
ဘယ်လိုမှ အဆင်မပြေအောင် ခြေချုပ်မိနေတာဖြစ်၏။

Yours [Completed]Donde viven las historias. Descúbrelo ahora