49 [final]

1.3K 133 22
                                    

ကြင်ယာတော် ကိုယ်လက်သန့်စင်နေပါတယ် ဟူ၍
ဆီးကြိုလျှောက်တင်သဖြင့် Shixun က
အနောက်ဖက် နန်းဆောင်ခန်းဆီသို့ ဦးတည်လိုက်၏။

ထိုအခါ ရေနွေးငွေ့တထောင်းထောင်းထနေသည့်
သစ်သားရေစည်ကြီးထဲတွင် ရှိနေသော
ကြင်ယာတော်အား တွေ့ရသည်။

"မြန်မြန်လုပ်လေ.... ဖျားနေတာကို...."

နံဘေးတွင် အဆင်သင့်ရှိနေသော
ရေလဲဝတ်ရုံအဖြူကို ယူကာ အသင့်ပြင်လိုက်ရင်း
ဆိုလိုက်သည်။

"ချွေးတွေနဲ့ဆိုတော့
စေးကပ်ကပ်ကြီးနဲ့မနေတတ်လို့ပါ။
အခုကျ ခေါင်းတောင် နည်းနည်းကြည်သွားသလိုပဲ။"

Luhan က ရေစည်ပေါင်ကို လက်နဲ့ကိုင်ကာ
ထရပ်လိုက်လျှင် Shixun က အနားတိုးသွားပြီး
တွဲခေါ် ထုတ်လိုက်သည်။

ဝတ်ရုံလွှာတို့ ဝတ်ဆင်ပေးလိုက်ကာ
ရေချိုးဆောင်ထဲမှ ထွက်လာလိုက်သည်။

ရေကို ပြောင်စင်အောင် သုတ်ပေးကာ
ဝတ်ရုံအသစ်လဲဝတ်ပေးလိုက်ပြီးနောက်
နဖူးပြင်ကို နမ်းလိုက်တော့ မော့ကြည့်ပြုံးပြလာသည်

ပြီးကာမှ ချက်ချင်းပင် စိုးရိမ်တကြီးဖြင့်

"သခင်လေး Tang သတင်းရော ဘာရသေးလဲဟင်?
သူဘေးကင်းရဲ့လား?"

"အစ်ကိုတော်ရှိတာပဲ အဆင်ပြေမှာပါ။"

ထိုအခါမှ စိတ်အေးသလို သက်ပြင်းချသည်။
မနေ့ကတည်းက နေမကောင်းသည့်ကြားက
Tang Mian ကို စိတ်ပူနေခဲ့တာ။

သို့ပေမယ့် Shixun က မင်းသားကြီးအား
နောက်ဆုံး အခွင့်အရေးပေးလိုက်သည်လေ။

"အရှင့်သား....ဟိုမိန်းကလေးကိုရော
ဘာမှမလုပ်ရသေးဘူးမို့လားဟင်။"

"အင်း....."

"ကျနော်....သူ့ကို ဘယ်လိုအပြစ်ပေးရမလဲ
ဆုံးဖြတ်ပြီးပြီ။"

"မင်းသဘောအတိုင်း ဖြစ်စေရမယ်။"

Shixun က အကြင်သူ၏ ပါးပြင်ကလေးအား
လက်ချောင်းတို့ဖြင့် ထိတွေ့ပွတ်သပ်ကာ
ကြင်ယာတော်ကို ကြည့်နေရင်း
ဟိုမိန်းမပြောသွားသည့် စကားများကို
ကြားယောင်မိသည်။

Yours [Completed]Where stories live. Discover now