44

995 130 10
                                    

မိမိ၏ ရှေ့တွင် ဒူးထောက်နေသော လူထံ
Shixun အာရုံစူးစိုက်ထားလိုက်သည်။
ထိုသူသည် ဆံပင်များ ပွယောင်းလျက်ရှိပြီး
အဝတ်များမှာလည်း ဟောင်းနွမ်းပေရေနေချေ၏။

ထို့အပြင် စစ်မေးခံထားရသဖြင့် ပခုံးတစ်ဖက်မှလည်း
သွေးတို့ စက်စက်ယိုနေခဲ့သည်။
ထိုမျှအထိ ထိခိုက်ဒဏ်ရာရထားသည့်တိုင်အောင်
ထိုသူက သူ၏ ဆုံးဖြတ်ချက်ကို ပြင်မည့်ပုံမရ။
ခေါင်းမာစွာ ဆက်လက်လိမ်ညာဖို့ ကြိုးပမ်းနေဆဲ။

"အခု အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်ပြီးပြီလား?"

Shixun ၏ လေသံသည် ကြက်သီးထစရာကောင်းအောင်
အေးစက်နေသည်။

"...ကျနော်မျိုး....ဘာမှမသိပါဘူး။.."

"အဟက်.... "

Shixun က မဲ့ရယ်လျက် ပေရွက်လိပ်တစ်ခုအား
ထိုသူဆီ ပစ်ချလိုက်သည်။

အတန်ငယ် ပြေလျော့သွားသည့် ထိုပေလိပ်မှာ
မြင်လိုက်ရသည်က....ရုပ်လွှာတစ်စွန်းတစ်စ။
လုံခြုံသိုသိပ်စွာ ဖွက်ထားသော ကလေးငယ်အား
Shixun ရှာတွေ့သွားလိမ့်မည်ဟု
ထိုသူက မျှော်လင့်ထားပုံမရ။

"ဒါ....ဒါက....."

"မောင်မင်းရဲ့သားက ချစ်စရာကောင်းသားပဲ။"

"အ...အရှင့်သား......"

"သစ္စာဖောက်မှုအတွက် အပြစ်ဒဏ်က
တစ်မိသားစုလုံးကို သက်ရောက်တယ်ဆိုတာ
မောင်မင်း သိတယ်မဟုတ်လား။
ဒါပေမယ့်....အချိန်မီတုန်းလေး
မောင်မင်းသာ ဒီတိုင်းပြည်အပေါ်
သစ္စာပိုရှိပေးမယ်ဆိုရင်တော့ ငါ သူ့ကို မထိဘူး။"

ထိုသူက တိတ်ဆိတ်သွား၏။

"ပါဝင်ပတ်သက်နေတဲ့ အမတ်တွေအမည်ကို
တန်းစီရွတ်ပေးရင် ရပြီ။"

ထို့နောက် တုန်လှုပ်ခြောက်ခြားစွာ ကျန်ရစ်နေခဲ့သော
ထိုသူ၏ မျက်ဝန်းများက
Shixun အတွေးအာရုံထဲ ပြတ်ပြတ်သားသား
ပေါ်လွင်လာသည့်အခါ Shixun ယောင်ရမ်းကာ
မျက်ဝန်းတို့ စေ့ပိတ်ထားလိုက်သည်။

ရေစည်ထဲ ကိုယ်ကို လျှောကျလိုက်လေပြီး
သူ၏ ဦးခေါင်းအားပါ ရေထဲ မြုပ်နှံထားလိုက်၏။

Yours [Completed]Where stories live. Discover now