17

1.4K 234 19
                                    

ချစ်တယ်.....တဲ့။

Luhan နဲ့စိမ်းသက်လွန်းသည်မဟုတ်ပါသော ထိုစကား။
Luhan အများကြီးကြားသိခဲ့ရဖူး၏။

ဖေဖေမှစလို့ ခြံထဲရှိ
အလုပ်သမားများရဲ့ သားသမီးများအထိ
Luhan ကို ချစ်ကြသည်။
"ချစ်စရာကောင်းလိုက်တာ"
"အရမ်းကြီး ချစ်တာပဲ" ဟူ၍
ခဏခဏ ကြားဖူးနေကျ။

သို့ပေမယ့် ထိုကဲ့သို့ မထူးဆန်းလှသော စကားက
Shixun ၏ နှုတ်မှ ထွက်လာသည့်အခါ
Luhan အတွက် လုံးဝ ကွဲပြားသည့် ခံစားချက်များကို
ရရှိစေခဲ့ပါသည်။

အလွန်တရာသဘောကျသည့်စိတ်နဲ့
ခြေဖျားလက်ဖျားတွေအေးစက်ကာ
ရင်တလှပ်လှပ်ခုန်ရင်း
ထိုသူ့ဆီ အရာအားလုံးပုံအပ်ပစ်ချင်စိတ်၊
ထိုသူ၏ အရာရာတိုင်းကို ပိုင်ဆိုင်ချင်စိတ်များက
တရှိန်ထိုး။

ဘယ်လိုအရှက်တရား ဘယ်လိုအသိစိတ်များနဲ့မှ
နှလုံးသားရဲ့ လိုအင်ဆန္ဒကို ထိန်းချုပ်မရခဲ့ပေ။

ထိုသူကိုမြင်တိုင်း လောဘတက်ရခြင်းတွေမှာ
သူ့အကြည့်၊ သူ့အချစ်၊သူ့အကြင်နာ၊သူ့ဂရုစိုက်မှုတွေနဲ့
သူ့ရဲ့ခန္ဓာကိုယ် သူ့အထိအတွေ့တွေပါ တွဲလျက်။

လုဟန်မှာ သူ့လှုပ်ရှားမှုတွေကို မြင်လျှင်ကို
ရင်ခုန်လာရကာ သူ့အနားမှာပဲ
မခွာစတမ်းကပ်နေချင်မိရသည်အထိ။

စားပွဲပေါ်မှ မြေပုံကို ကြည့်ကာ
ဖေဖေနဲ့ ကုန်သွယ်ရေးကိစ္စ တိုင်ပင်နေတဲ့သူ့ကို ငေးရင်း
သည်နေရာမှာ ရှိနေတာ အကြာကြီးရှိပြီဖြစ်သည်။

"ဒီလမ်းကဆိုရင် ခရီးလမ်းသာပေမယ့်
နည်းနည်းတော့ အချိန်ပိုပေးရမယ်ထင်တယ်။"

ယောက္ခမကြီးက သူညွှန်ပြသော
လမ်းကြောင်းကို ကြည့်ရင်း
မေးစေ့ကို လက်ဖြင့်ပွတ်လျက် ခဏငြိမ်ပြီး စဉ်းစားနေ၏၊

သို့လျှင် Shixun က မျက်လုံးတစ်ချက်လှန်ကာ
ယောက္ခမကြီးအနောက်ဘက်ရှိ
အဝိုင်းပုံစံ ပြတင်းပေါက်ဆီ
တစ်ချက်လှမ်းကြည့်လိုက်ပါသည်။

ထိုအခါ အပြင်ဘက်ကနေ ပြတင်းပေါင်ပေါ်
တစောင်းထိုင်ကာ မိမိအား စိုက်ကြည့်နေပါသော
ကြင်ယာတော်ကို မြင်ရပါလေသည်။

Yours [Completed]Where stories live. Discover now