"ဖေဖေ....နန်းတော်ထဲသွားပြီး ဧကရာဇ်ကို
နှုတ်ဆက်လိုက်ဦးမယ်။
Xiao Han.... နေခဲ့နော်။"မြို့တော်က အိမ်မှာ နေရာချပြီးတာနဲ့
ဖေဖေက Luhan ကို ပြောလာခဲ့သည်။"သားက မနက်ဖြန်ပြိုင်ပွဲမှ လိုက်ခဲ့။"
Luhan ခေါင်းသေချာညိတ်ပစ်လိုက်သည်။
"ဖေဖေ....
ကျနော် မြို့ထဲတော့ နည်းနည်းလိုက်လည်မယ်နော်။"ဖေဖေက မျက်မှောင်ကုပ်သွားတာမလို့
Luhan ကပြာကယာနဲ့...."ဟို.... ဈေးထဲပဲသွားမှာပါ ဖေဖေရဲ့။
စားချင်တာလေးတွေလည်း ဝယ်စားဖို့လေ။
ဖေဖေ့ဇာတိမြို့ပဲဟာ....ကျနော်နဲ့မစိမ်းပါဘူး။"ထိုအခါမှ ဖေဖေ့မျက်နှာက တင်းမာမှုလျော့ပါးသည်။
"Xiao Xiang....မင်း သခင်လေးကို သေချာဂရုစိုက်။"
"ဟုတ်ကဲ့ပါ သခင်ကြီး။"
ဖေဖေ ထွက်သွားသည့်အခါ Luhan က ရွှင်မြူးစွာနဲ့
အခန်းထဲ လှည့်ပတ်ကြည့်တော့၏။မိမိအခန်းကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကအတိုင်းပဲ
လိမ္မော်ရောင်တွေနဲ့ ခြယ်သမွန်းမံထားဆဲ။Luhan စိတ်က အလိုလိုပျော်ရွှင်လာရသည်။
"Xiao Xiang....ငါ့ကိုယ်က နံနေလား...."
ခရီးဆက်တိုက်ဆက်လာရတာကြောင့်
Luhan မေးကြည့်လိုက်သည်။"သခင်လေး....
သခင်လေးကိုယ်က ဒီလောက်အမြဲမွှေးနေတာလေ။"ဒါပေမယ့် Luhan က မကျေနပ်။
ကိုယ့်ကိုယ်ကို မလုံတာကြောင့်
ရေချိုးရမည်ဟုသာ တွေးရသည်။ရာသီဥတုက အေးနေပေမယ့်လည်း
Luhan ရေချိုးမှကို ဖြစ်မည်။မင်းသားနဲ့ တွေ့ဆုံဖို့ဆိုလျှင် ဒီလောက်တော့
ပြင်ဆင်ရမည်။
မဟုတ်ဘူး....ဒီထက်မကလည်း ပြင်ဆင်ရမည်။Luhan က ရေချိုးပြင်ဆင်ပြီးသည်နှင့်
ယွန်းသေတ္တာထဲမှ ဆွဲကြိုးလေးကို ထုတ်ဆွဲလိုက်သည်။မင်းသားနဲ့တွေ့လို့ အရမ်းပြုံးပျော်နေပြီး
သူ့ကိုယ်သင်းရနံ့များ လိုတာထက်ပိုလို့ လျှံထွက်လာရင်
လူတွေအာရုံစိုက်ကုန်ကြမည်။

YOU ARE READING
Yours [Completed]
Fanfictionရိုးရိုးလေးပါပဲ ကောင်လေးနှစ်ယောက် အများကြီး ချစ်သွားကြမယ့် ဇာတ်လမ်းတစ်ပုဒ်ပေါ့.... ရိုးရိုးလေးပါပဲ ကောင်လေးနှစ်ယောက် အများကြီး ချစ်သွားကြမယ့် ဇာတ်လမ်းတစ်ပုဒ်ပေါ့.... Shixun_Sehun × Luhan