12

1.3K 261 29
                                    

"Xiao Han...အားတင်းထားနော်။
သား ဘာမှမဖြစ်ဘူးသိလား။"

အဖြူရောင် အိပ်ရာထက် ဖခင်ဖြစ်သူ၏
လက်မောင်းကြားထဲတွင် ပျော့ခွေနွမ်းနယ်နေသော
ကလေးငယ်လေးမှာ အသက်ကို မနည်းရှူရှိုက်နေရသည်။

အေးစက်နေသော ဆောင်းရာသီပင်ဖြစ်လင့်ကစား
ထိုကလေးငယ်လေးတစ်ကိုယ်လုံးမှာ ချွေးများဖြင့်
နစ်ရွှဲနေလျက်။

ဖြုဆုတ်နေသော နှုတ်ခမ်းပါးများမှာ
အသက်ကူရှူနေရသဖြင့် ဟစိဟစိ။

"ဖေဖေ...သား ခေါင်းထဲက နာတယ်။"

ကလေးငယ်၏ ညည်းတွားတိုင်တည်သံ ခပ်တိုးတိုးကို
ကြားရသော်လည်း ဖခင်ဖြစ်သူမှာ အဘယ်သို့မှ
မစွမ်းဆောင်ပေးနိုင်ရှာပေ။

အလိမ်အညာများပြည့်နေသော နှစ်သိမ့်စကားများကိုသာ
အသံတုန်တုန်ဖြင့် ထပ်တလဲလဲဆိုပေးရ၏။

ကလေးငယ်သည် ဦးခေါင်းကိုက်ခဲသည့်အဆင့်ကိုလွန်၍
နာကျင်နေသည်မှာ ပေါက်ကွဲမတတ်။

ဦးခေါင်းတွင်းရှိ အရာများကို အချွန်တစ်ခုခုဖြင့်
ထိုးဆွနေသည့်နှယ် ခံစားနေရခြင်း။

"သမားတော်ကြီး...သမားတော်ကြီး...
ကျနော့်သားလေးကို ကယ်ပါဦးဗျာ။"

ဖခင်၏ နှလုံးသားများမှာလည်း အတိုင်းအဆမသိ
နာကျင်နေရသည်။
ကလေးငယ်ကို ပွေ့ဖက်ကာ
မျက်ရည်များ တသွင်သွင်ကျလျက်။

"ဖေဖေ....သား...သားမရ....."

ထိုကလေးငယ်၏ မျက်ဝန်းများမှာ
ချွေးပေါက်များစီးကျနေတာကြောင့်
စပ်ဖျင်းနေရင်း အသိအာရုံကပါ လွတ်စပြုလာတော့
အမြင်အာရုံက ဝေဝါးလာ၏။

"ဟင့်အင်း...မသွားပါနဲ့ ..."

မောဟိုက်နေတဲ့ အသံရယ်၊
အနားကို ခလုပ်တိုက်မတတ်ပြေးလာတဲ့
ကိုယ်ခန္ဓာတစ်ခုရယ်ကို နောက်ဆုံးမြင်လိုက်ရပြီးနောက်
ဝေဒနာခံစားနေရသော ကလေးငယ်မှာ
သတိလစ်မေ့မျောသွားလေတော့သည်။

"ဟင့်...."

ရှိုက်သံနဲ့အတူ ဖိဆုပ်ထားမိသည့်လက်ဖျားလေးရဲ့
တင်းကျပ်သော ပြန်လည် ဆုပ်တွယ်မှုမှာ
Shixun ကပျာကသီ။

Yours [Completed]Where stories live. Discover now