13

1.2K 260 21
                                    

"အရှင့်...သား...."

လေသံက တိုးဖျော့ဖျော့လေး။
မျက်လုံးစုံမှိတ်ကာ သူပေးအပ်သမျှလက်ခံပေးနေပါသော
ကြင်ယာတော်။

စက်ဝိုင်းပုံ အိပ်ရာထက်မှာ
အဝတ်ကင်းမဲ့နေသော ခန္ဓာကိုယ်နှစ်ခုက ထပ်လျက်သား။

ခါးတစ်ချက်အလှုပ်မှာ ကြင်ယာတော်၏ ကိုယ်လေးက
အထက်ကို တစ်ချက် ပင့်တက်လှုပ်ခတ်သွားရ၏။

ချွေးစို့စွာနဲ့ မိန်းမောနေသော မျက်နှာကလေးကိုကြည့်ရင်း Shixun ၏ လှုပ်ရှားမှုများက ပိုမိုမြန်ဆန်လာခဲ့သည်။
ပခုံးထက် ထမ်းတင်ထားသော ခြေထောက်သွယ်များကို
တစ်ဖက်စီ နှုတ်ခမ်းဖြင့် ကပ်နမ်းဖို့ကိုလည်း သူမမေ့။

"သဘောကျလား..... မင်း ကိုယ့်ကို သဘောကျရဲ့လား။"

ကြင်ယာတော်က အိပ်ရာခင်းကို လက်နှစ်ဖက်ဖြင့်
တင်းနေအောင်ဆုပ်တွယ်ထားရင်း ခေါင်းငြိမ့်ပြလာလျှင်
သူ့တစ်ကိုယ်လုံးပါ တဆတ်ဆတ်တုန်လုနီးပါး။

အား...!!!!

ကျေနပ်စွာပြီးမြောက်လိုက်သော အော်ညည်းသံ။

ထို့နောက် ကိုယ်တစ်ချက် ဆတ်ကနဲတုန်ပြီး
လူကလည်း လန့်ဖျန့်နိုးလာခဲ့၏။

စိတ်အာရုံတို့က အိပ်မက်နှင့်ကင်းကွာသွားသည်နှင့်....
ကြင်ယာတော်ကို ဖက်ထားရာကနေ
ချက်ချင်း ဖယ်ခွာလိုက်ပြီး
တိတ်တဆိတ် စုပ်သပ်မိရသည်။

ကျွတ်....ထပ်ပြီး မက်ပြန်ပြီပေါ့။

ညစ်ညမ်းအိပ်မက်ကြောင့် မာတောင့် စိုစွတ်နေမည့်
အောက်ဘက်ကအရာကို သတိထားမိတော့
နံဘေးရှိ ကြင်ယာတော်အား
မသင်္ကာဖြစ်စွာ တစ်ချက်ငုံ့ကြည့်မိသေး၏။

အိပ်နေတာပါလား?
ထိုအခါ တော်သေးသည်ဟု သက်ပြင်းကြိတ်ချရပြန်၏။

ထို့နောက် သူလည်း အိပ်ရာပေါ်မှ အသာဆင်းကာ
မှေးစက်ပျော်နေသော ကြင်ယာတော်ကလေးကို
စောင်သေချာပြင်ခြုံပြီးပါမှပဲ
ရေချိုးဆောင်ဆီ ခပ်သွက်သွက်မြန်းကြွရပါလေတော့၏။

ကျောနောက်ဘက်နားဆီမှ
အနွေးဓာတ်တစ်ခုပျောက်ဆုံးသွားသည်နှင့်အတူ
ခြေသံတိုးတိုးတစ်ခုက အိပ်ရာဆီမှ ဝေးကွာသွားလျှင်
Luhan မှာ မနည်းဖိမှိတ်ထားရသော မျက်ဝန်းများကို
ဖွင့်လိုက်ရပေသည်။

Yours [Completed]Where stories live. Discover now