အနည်းငယ်မှောင်ရိပ်ကျကာ လူရှင်းနေသော
လမ်းကြားထဲဝယ် ကိုယ်ခန္ဓာနှစ်ခုမှာ ပူးကပ်လျက်။သူတို့ရောက်ရှိနေသော အဆောက်အဦး၏
တံစက်မြိတ်တွင်တော့ မီးအိမ်တစ်လုံး ချိတ်ဆွဲထားသည်မို့
မလင်းမမှောင်အနေအထားကြောင့်
ပို၍ရင်ခုန်စိတ်လှုပ်ရှားဖွယ်၊ထိုနေရာတွင် စိုစွတ်သော အနမ်းများ၏ အသံမှလွဲ၍
တခြားဘာသံမကြားရချေ။လျှာဖျားချင်းလိမ်ယှက်ဆော့ကစားနေရင်း
Shixun ၏ လက်များက တစ်ဖက်လူ၏ ကိုယ်ထက်
အထပ်ထပ်ပွတ်သပ်လျက်။ကိုယ်ချင်းထိကပ်မိနေသည်မှာ အရှေ့ဘက်ရှိ
မည်သည့်အစိတ်အပိုင်းများမဆို လစ်လပ်မှုမရှိတော့။ကျောနဲ့ဖိထားမိသည်က တံခါးတစ်ချပ်ပင်ဖြစ်နေကြောင်း
အနောက်ဘက်ကို ခြေတစ်လှမ်းယိုင်သွားမှပဲ
Luhan သတိထားမိသည်။ခြေလှမ်းများရွေ့လျားကာ ထိုအခန်းငယ်ထဲ
ဝင်လိုက်သည့်တိုင် အနမ်းများက ပြတ်လပ်မသွားပါလေ။သန်မာသည့်လက်တစ်ဖက်က
Luhan ၏ အနောက်ဘက်က အသားစိုင်ကို
ဆွဲဖျစ်ဆုပ်ညစ်လာချေ၏။မပြတ်သော စိုစွတ်အနမ်းများနဲ့အတူ
စိတ်တွင်းက တောင့်တလာသော လိုအပ်မှုတစ်ခု။အချင်းချင်းမှာ တစ်ဦးဆန္ဒကို
တစ်ဦး နားလည်နေသည်အလား။"Xiao Han...ကိုယ်...."
အနမ်းကို ခဏခွာ၍ မျက်နှာချင်းဆိုင် ဆိုလာခဲ့သော
သူ့အသံက လှိုက်မောနေ၏။ထိုနေရာမှာ အထည်လိပ်များစွာ သိမ်းဆည်းထားသော
သိုလှောင်ခန်းတစ်ခုဖြစ်နေသည်။Shixun က အနောက်ဘက်မှ တံခါးကို
ဂျက်လှည့်ထိုးလိုက်သည်။အခန်းငယ်မှာ မကျယ်ဝန်းသည်မို့
နှစ်ကိုယ်စာအတွက်သာ လစ်လပ်ရုံရှိနေသည့်အလား
ထပ်မံပူးကပ်သွားပြန်သည်။Shixun က Luhan မျက်ဝန်းတွေကို
တည့်တည့်စိုက်လို့ကြည့်ရင်း လက်များကမူ
Luhan ၏ ဖရိုဖရဲဝတ်ရုံထက် ကျူးကျော်လာသည်။"အကုန်....မချွတ်နဲ့....."
မထိရောက်သော်ငြား Luhan နှုတ်မှထွက်သော
နောက်ဆုံးတားမြစ်စကားဖြစ်ပေလိမ့်မည်။

YOU ARE READING
Yours [Completed]
Fanfictionရိုးရိုးလေးပါပဲ ကောင်လေးနှစ်ယောက် အများကြီး ချစ်သွားကြမယ့် ဇာတ်လမ်းတစ်ပုဒ်ပေါ့.... ရိုးရိုးလေးပါပဲ ကောင်လေးနှစ်ယောက် အများကြီး ချစ်သွားကြမယ့် ဇာတ်လမ်းတစ်ပုဒ်ပေါ့.... Shixun_Sehun × Luhan