21

1.2K 241 10
                                    

ယိုင်နဲ့နဲ့ ခြံတခါးကို တွန်းဖွင့်ဝင်လိုက်သည့်အခါ
မီးအိမ် ပြပြလေးတွေ
လင်းနေသော ခြံဝင်းထဲရောက်သွား၏။

မကျယ်ဝန်းလှသော အိမ်လေး၏ အတွင်းဘက်ဆီမှ
အသံများကို ကြားရလျှင် Luhan က
Shixun ၏ လက်မောင်းအား ပိုတင်းကျပ်စွာ
ဆုပ်တွယ်ထားလိုက်မိသည်။

အိမ်ရှေ့ရှိ ကွပ်ပျစ်ပေါ်တွင် လူတချို့ရှိနေပြီး
အိမ်မကြီး၏ တံခါးအနားမှာတော့
အမျိုးသားတစ်ယောက်ဟာ စိတ်လှုပ်ရှားစွာ
ဟိုဒီ လျှောက်လျက်။

"Yue Zi အမျိုးသမီးက မမွေးနိုင်သေးဘူးလား?"

Shixun က မေးမြန်းလိုက်လျှင်
အိမ်ထဲမှ ဖြစ်ရပ်ဆီ အာရုံရောက်နေသူများက
လှည့်ကြည့်လာသည်။

"အရှင့်သား....."

"ဘယ်က ဘယ်လိုရောက်လာတာလဲ?"

Shixun ရှေ့ရောက်လာသူတို့မှာ
အကောင်းပတိအတိုင်းတော့ မဟုတ်ကြ။

ဒဏ်ရာဒဏ်ချက် အနည်းအများရှိနေကြကြောင်း
Luhan သတိပြုမိသည်။

အချုပ်ကျစဉ်က စစ်ဆေးမေးမြန်းခံထားရမှုကြောင့်
ဖြစ်မည်ဟု ထင်သည်။

"အတူလာစောင့်ပေးမလို့ လာတာ။"

Luhan ကတော့ စိတ်မကောင်းဖြစ်စွာပင်
ကြည့်နေမိသည်။
ဒီလူတွေဟာ မိမိကို စောင့်ရှောက်ရသည့် တာဝန်ကြောင့်
ဒီလိုမျိုးတွေ ကြုံတွေ့ခဲရခြင်း မဟုတ်ပါလား။

"ကျနော့်ကြောင့် အများကြီး ဒုက္ခများသွားရပါပြီ။"

"မဟုတ်ပါဘူး ကြင်ယာတော်။
ကျနော်တို့ကြောင့်သာ အရှင့်သား ပြဿနာဖြစ်ရတာပါ။"

စိတ်မကောင်းဖြစ်နေသည့်ဟန်ဖြင့် မျက်နှာများ
ညိုးငယ်လျက်။

"ကြင်ယာတော်ကို ကျေးဇူးတင်ပါတယ်။
ကျနော်တို့ကို ကယ်ထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်။"

အညီအညွတ်ဆိုလာသည့်စကား။

"မဟုတ်တာပါပဲ။"

Luhan ခေါင်းလေး ရမ်းပြလိုက်မိသည်။

တကယ်ဆိုရင် Luhan ဘာမှ လုပ်ခဲ့တာမဟုတ်ရပါဘူး။
အခြေအနေကို သုံးသပ်ပြီး  ဧကရာဇ်ကို
စကားနည်းနည်းလျှောက်တင်ကြည့်ရုံပါပဲ။

Yours [Completed]Where stories live. Discover now