"ကြင်ယာတော် အနားယူလိုက်ဦး။"
Luhan ကို အိပ်ရာထက် လဲလျောင်းစေကာ
သူဆိုလာခဲ့သည်။သူ့မျက်နှာ မကြည်မသာဖြစ်နေတာကို
ထပ်သတိပြုမိတော့ အန္တရာယ်ကြီးလှသော
တာဝန်တွေကြား Luhan ကြောင့် သူဝန်ပိုပိသွားပြီလား
ဟူသော အပြစ်မကင်းစိတ်က
အနည်းငယ် ထွက်ပေါ်လို့လာသည်။သူ့ရှေ့မှာ အကြာကြီးငိုယိုမိကာ
သူအဖြေရခက်မှာမျိုးတွေပဲ မေးရင်း
Luhan ပြဿနာရှာခဲ့မိတာဖြစ်သည်။တကယ်ဆိုရင် သူ့မှာ ဘယ်လိုအခက်အခဲတွေရှိနေသလဲ၊
ဘာတွေဖြေရှင်းနေရလဲဆိုတာ အရင်မေးမြန်းသင့်တာပေါ့။အခုတော့ Luhan ကပဲ သူ့ကို စိတ်ထပ်ရှုပ်အောင်
လုပ်ခဲ့မိသည်။"ကိုယ်...ဧကရာဇ်ဖြစ်ဖို့ ရည်ရွယ်ထားတယ်။"
အိပ်ရာဘေးနားရှိ ခုံမှာ ထိုင်ကာ သူဆိုလာသည့် စကား။
Luhan လက်သီးကို ကျစ်နေအောင် ဆုပ်ထားမိသည်။
သူဖြစ်ချင်တဲ့ ရည်မှန်းချက်အစစ်အမှန်ရော ဟုတ်ပါရဲ့လား?
"လောဘမတက်ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား?"
"ကိုယ် အမျှော်အမြင်နည်းသွားခဲ့တာ။"
"အဲ့ဒီတော့ ကျနော် ဘာကူညီပေးရမလဲ?"
"မလိုဘူး..... လက်ဝဲအမတ်ကြီး ရှိတယ်။"
Luhan တစ်ဖန် မျက်ရည်ဝဲလာရပြန်သည်။
သူဟာ မတော်ရသေးတဲ့ ယောက္ခမလောင်းကိုလည်း
သည်လောက်ထိ အားကိုးနေတာပါပဲလား။" ဒါဆိုရင် ကျနော်က ဘာလုပ်ရမှာပါလဲ?
အရှင့်သား ထီးနန်းရတဲ့အခါ ကျနော်ပါ ရာထူးမြင့်ဖို့
စောင့်မျှော်နေရင် ရပါပြီလား?"သူက မျက်နှာ လွှဲသွားလေပြီး..
"နောက်တစ်ခါ အိမ်တော်ဟောင်းကို မသွားနဲ့။
ကိုယ်သွားခွင့်မပြုဘူး။"Luhan သည်းမခံနိုင်အောင်ပင် သူ့လေသံက
ပြတ်သားနေခဲ့သည်။Shixun က စကားကို ခပ်ပြတ်ပြတ်ပြောလို့
အိမ်ဆောင်အတွင်းမှ ထွက်သွားခဲ့လေပြီ။"Xiao Xiang..... အခု ငါ့ပုံစံက ဘယ်လိုဖြစ်နေပြီလဲ?"
Xiang က ဖြူလျော့နေသော Luhan ၏ မျက်နှာကို
ကြည့်ကာ စိတ်မကောင်းဖြစ်မဆုံး။

YOU ARE READING
Yours [Completed]
Fanfictionရိုးရိုးလေးပါပဲ ကောင်လေးနှစ်ယောက် အများကြီး ချစ်သွားကြမယ့် ဇာတ်လမ်းတစ်ပုဒ်ပေါ့.... ရိုးရိုးလေးပါပဲ ကောင်လေးနှစ်ယောက် အများကြီး ချစ်သွားကြမယ့် ဇာတ်လမ်းတစ်ပုဒ်ပေါ့.... Shixun_Sehun × Luhan