4

1.1K 244 20
                                    

နန်းတော်တွင်းသို့
လျှောက်ဝင်လာသော လမ်းတစ်လျှောက်
Luhan ရင်အစုံက တလှပ်လှပ်နဲ့ တုန်ယင်နေသည်။

ကြင်ယာတော်တစ်ပါးအနေနဲ့ ခစားဝင်ရောက်ရလို့
စိတ်လှုပ်ရှားနေမိသည်ထက်
မင်းသား Jing ကိုမြင်ရမှာကြောင့်က ပိုသည်။

နှစ်စဉ် အပြန်အလှန် ပေးပို့ခဲ့သော
လက်ဆောင်ပစ္စည်းများ။
တစ်ခါတလေ သူ့ဘက်မှ
အပိုထည့်ပေးမိသော စာလွှာတချို့။

မင်းသားသည်လည်း သူ့စိတ်ခံစားချက်ကို
ရိပ်မိသိရှိခဲ့လောက်သည်မဟုတ်ပါလား။

လက်ဆက်ပွဲနေ့က
Luhan ဝမ်းနည်းလွန်းတာကြောင့်
မင်းသားကို သေချာပင် မနှုတ်ဆက်နိုင်ခဲ့ပေ။

ယခုတစ်ကြိမ် သေချာတည့်ဆိုင်တွေ့ကြမည်ဆိုတော့
Luhan မစိုးရွံ့ဘဲ မနေနိုင်တော့။

မင်းသားကရော သူ့လက်ထပ်ပွဲအတွက်
နှမြောတသဖြစ်ခဲ့ရသေးလား။
နာကျင်ဝမ်းနည်းခဲ့ရသေးလား။

ချစ်သူတွေမဖြစ်ခဲ့ကြပေမယ့်
Luhan ရဲ့ ခံစားချက်ကို
မြင်နိုင်ခဲ့မည်ဆိုလျှင်ပေါ့။

သို့ပေမယ့် ချက်ချင်းပင်
Luhan ခေါင်းခါကာ အတွေးများကို
မောင်းထုတ်ပစ်လိုက်၏။

ဒါတွေ တွေးမနေစမ်းပါနဲ့။
အရာရာကို မျိုသိပ်နိုင်ကာ
ဘာမှမဖြစ်ခဲ့သလို ထိုသူ့ကို စကားပြောနိုင်ဖို့က
အဓိကပါပင်။

"လာလေ....နေမကောင်းဘူးလား?"

အသံတစ်ခုကြားရမှ အတွေးကမ္ဘာထဲမှ
Luhan လွတ်မြောက်သွားကာ
လမ်းမအလယ်မှာ မတ်တပ်ကြီး စုံရပ်နေမိတာ သတိရ၏။

"မျက်နှာက ဖြူဖျော့နေတာပဲ။
နေမကောင်းရင် ပြန်မယ်လေ။
နောက်နေ့မှ ထပ်လာကြတာပေါ့။"

နဖူးစပ်ကလေးကို မင်းသား Shixun က
လက်ဖဝါးနဲ့ဖိကပ်လာသည်။

ပုံစံက Luhan သာ တကယ် ခွင့်တောင်းရင်
နန်းတော်က ချက်ချင်းပြန်ထွက်မည့်သဘော။

ဧကရာဇ်နဲ့ဧကရီကို သူ့လက်အောက်ငယ်သားများ
မှတ်နေသလားမသိ။
ဒါကြောင့် အချစ်မခံရဘဲ ပစ်ထားခံရတာ နေမှာ။

"ဘာမှမဖြစ်ပါဘူး....ဝတ်ရုံက ထူတော့ အိုက်နေလို့။"

ထိုအခါမှ သူက သက်ပြင်းချသည်။

Yours [Completed]Where stories live. Discover now