30

926 199 44
                                    

"ကြင်ယာတော်..."

ရှန့်ကုံးကြီး၏ စိုးရိမ်ပူပန်နေသော ခေါ်သံကြားပါမှ
Luhan စိတ်နဲ့ လူနဲ့ ကပ်သည်။

"ကျနော် ခဏ နားချင်တယ်....
ရှန့်ကုံးကြီးတို့ ထွက်သွားပေးပါလား?"

Luhan က မိမိအား စိတ်ပူနေရှာသည့် ထိုသူတို့အား
ကျောခိုင်းလိုက်သည်။

ပြီးမှ....

"ကျနော့်ကို ပြောပြလိုက်တာ သူမသိပါစေနဲ့။
ကျနော် သူပြောတာ နားထောင်ချင်သေးတယ်။"

Luhan က သူ့ကို သည်လို အခြေအနေမျိုးမှာတောင်
နားလည်ပေးချင်သူဖြစ်သည်။

အိပ်ရာပေါ်တက်ကာ ခွေခွေလေးလှဲပြီးမှ
မျက်ဝန်းတို့က အတားအဆီးမရှိ စိုစွတ်လာရ၏။
ရင်တစ်လျှောက် ပူဆင်းနေသမျှကို ခက်ခဲစွာသည်းခံရင်း  သူအိမ်ပြန်အလာကို စောင့်ရတာမလို့ သည်တစ်ကြိမ်ဟာ
အကြာဆုံးဖြစ်လို့နေတော့သည်။

______________________

"ရှန့်ကုံးကြီး.... ဟင်းတွေ အေးကုန်ပြီ။
ထပ်ပြင်ဆင်ပေးပါဦး။"

စားပွဲပေါ်က အေးစက်နေသော
စားသောက်ဖွယ်ရာများအား အကြည့်စိုက်ထားရင်း
Luhan ပြောလိုက်သည်။

"ကြင်ယာတော်....အိပ်စက်အနားယူပါတော့။
အချိန်လည်း အတော်လင့်နေပါပြီ။"

"အရှင့်သားမှ ပြန်မလာသေးတာ။
ငါဘယ်လို အိပ်ရမှာလဲ?"

Xiang က Luhan ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရ၏။

"ဒီအချိန်ဆို အရှင့်သားပြန်မလာလောက်တော့ပါဘူး။"

Luhan ၏ အကြည့်များက ထိုစကားဆိုလာသော
ရှန့်ကုံးကြီးထံ ရောက်ရှိလို့လာသည်။

"သူပြန်မလာဘဲ ဘယ်လိုနေမလဲ?
သူ့အိမ်က ဒီနေရာကလွဲပြီး ရှိလို့လား?
ဒါမှမဟုတ်....တစ်ခုခု ဖြစ်နေတာများလား?
ကျနော် ထွက်ရှာချင်တယ်။"

Luhan က အမြန်ပင် မတ်တပ်ရပ်ကာ ပြင်ဆင်လေလျှင်
ရှန့်ကုံးကြီးတို့မှာ ပျာပျာသလဲ တောင်းပန်ရပါသည်။

"မဖြစ်ပါဘူး....ကြင်ယာတော်....
နန်းတော်အပြင်က အန္တရာယ်များပါတယ်။"

Luhan ၏ ခြေလှမ်းများက တုံ့ကနဲ ရပ်တန့်လို့သွားခဲ့သည်

ပြီးမှ တဖြည်းဖြည်းချင်း ခေါင်းလှည့်လို့လာပြီး....

Yours [Completed]Where stories live. Discover now