47

875 139 20
                                    

ခရီးထွက်နေရသော Shixun စိတ်တို့က
ထူးခြားစွာပင် လေးပင်နေကာ
နန်းတော်မှာ ကျန်ခဲ့သော ကြင်ယာတော်အား
စိတ်မချဖြစ်နေရ၏။

"အရှင့်သား...နေကောင်းပါရဲ့လား?"

သူ့မျက်နှာ မကြည်မသာဖြစ်နေတော့
အတူပါလာသော ရှန့်ကုံးကပင် မေးလာလေ၏။

"နန်းတော်က ဘာသတင်းရသေးလဲ?"

မြို့ထဲက ထွက်ခွာပြီးကာစပဲရှိနေသေးပေမယ့်
သူ မေးလိုက်မိသည်။

"အခုထိတော့...."

"အင်း...."

သက်ပြင်းချကာ မြင်းလှည်းပေါ်တွင်
မှီချလိုက်တော့သည်။

ထို့နောက် ယူဆောင်လာသော ကြင်ယာတော်၏
ဆံထိုးလေးကို ခပ်ဖွဖွ ကိုင်ရင်း
သူ့အတွေးတို့ လွင့်မျောလျက်။

ရုတ်တရက် အပြင်မှ အသံဝိုးတဝါးများကို
ကြားလိုက်ရလျှင် နံဘေးက ပဝါစကို
သူဆတ်ကနဲ ဆွဲဖွင့်လိုက်မိသည်။

ထိုအခါ အထောက်တော်တစ်ဦး၊ရှန့်ကုံးကြီးနှင့်
သူ့ကိုယ်ရံတော်တို့က စကားပြောလက်စကြီး။

"ဘာဖြစ်တာလဲ...."

"အရှင့်သား...."

စိတ်ပူပန်နေသလို မတည်ငြိမ်နေသော
မျက်နှာ အမူအရာတို့ကြောင့် Shixun အလိုလိုပင်
ရင်ထဲ ပူဆင်းသွားရသည်။

ကြင်ယာတော် ဘာမှမဖြစ်ပါစေနဲ့။

သို့သော် သူ့ဆုတောင်းမပြည့်ခဲ့ပေ။

"နန်းတော်က သတင်းပို့လာပါတယ်...အရှင့်သား..."

"......"

"ကြင်ယာတော် ပျောက်နေပါတယ်တဲ့။
ကိုယ်ရံတော်တွေကို ထားခဲ့ပြီး
အပြင်ထွက်သွားတာ ၂ နာရီကြာတဲ့အထိ
ပြန်မရောက်သေးပါဘူးတဲ့။"

ဦးခေါင်းတစ်ခုလုံး ဖျင်းကနဲဖြစ်သွားရသည်။
မျက်လုံးတွေထဲလည်း ပြာသွားရသည်။

ထို့နောက် ချက်ချင်းပင် ခရီးကို ပြန်လှည့်ဖို့
သူအမိန့်ပေးလိုက်တော့၏။

________________

ထိုအဆောက်အအုံမှတစ်ဆင့်
တစ်ခြားနေရာသို့ ဖမ်းဆီးခေါ်ခံသွားရကာ
အနည်းငယ်ကြာသည့်အချိန်တွင်
နောက်ထပ် အဆောက်အအုံပျက်တစ်ခုဆီ
ရောက်သွားကြသည်။

Yours [Completed]Where stories live. Discover now