46

1K 127 7
                                    

မီးအိမ်တို့လင်းထိန်နေသော နန်းဆောင်ဆီ
သူပြန်လာတော့ မရောက်ခင်မှာပင် နန်းတွင်းသူတစ်ဦးက
ကြိုရောက် သတင်းပေးလျှောက်ထားလာသည်။

"အရှင့်သား....ကြင်ယာတော်က ဥယျာဥ်တော်ထဲမှာပါ။"

Shixun က ချက်ချင်းပင် ဥယျာဥ်တော်ရှိရာဆီ
ခြေဦးလှည့်ရတော့၏။

Luhan က ပန်းခင်းထဲတွင် လမ်းလျှောက်ကာ
ပန်းပွင့်ကလေးများကို ရှုစားနေတာဖြစ်သည်။

နေ့ဘက်မြင်ရသည်ထက် လရောင်ဖြုုဖြူ
မီးအိမ်လှလှကလေးများကြားမှာ မြင်ရသည်က
ပိုမို လှပလန်းဆန်းသည်ဟု ယူဆမိသောကြောင့်ပင်။

ပန်းခင်းနံဘေးရှိ မီးအိမ်များအပြင်
အစောင့်များကပါ မီးအိမ်များကိုင်ဆောင်ကာ
အလင်းထုတ်လွှတ်ပေးနေ၏။

Xiang ကလည်း မီးအိမ်တစ်ခုဆွဲကာ
Luhan နံဘေးက လိုက်ပါလျက်သား။

"အဖြုရောင်လေးတွေက အပွင့်ပိုကြီးသလိုပဲနော်။"

"အင်း....သူက တစ်ခြားမျိုးလေ။
ဒီမြေဒီရေနဲ့ ပိုကိုက်ညီလို့ဖြစ်မှာ။လှတယ်နော်။"

နှစ်ယောက်သား စကားတစ်ပြောပြောရှိနေတာကို
တွေ့တော့ Shixun ပြုံးမိလိုက်ကာ အနီးအနားရှိ
ပန်းပွင့်လှလှကြီးတစ်ခုကိုပါ ခူးဆွတ်လိုက်သည်။

ပြီးလျှင် Luhan ဆီသို့ လျှေက်လှမ်းသွားလိုက်ရင်း....

"ကြင်ယာတော်လောက်တော့ ဘယ်လှပါ့မလဲ.... "

အသံနဲ့အတူ မျက်စိရှေ့ကို ပန်းတစ်ပွင့်ရောက်လာတော့
Luhan ရင်ခုန်သွားရသေးသည်။

Shixun ကို ပြုံးပြလာသော မျက်နှာကလေးက
ပိုမိုတောက်ပ ကြည်စင်နေလျက်။

Xiang က အလိုက်တသိ ဖယ်ခွာသွားပြီး ကျန်သည့်
အစောင့်များနည်းတူ
ခပ်လှမ်းလှမ်းမှာ ရပ်စောင့်နေပေး၏။

"အရှင့်သား......ပြန်ရောက်လာပါပြီလား?"

"အင်း.... "

Luhan က Shixun ပေးလာသော ပန်းကို ယူကာ
ရှိုက်မွှေးလိုက်ပြီး Shixun ၏ လက်မောင်းတစ်ဖက်ကိုပါ
လာရောက်တွယ်ဖက်လေသည်။

ထို့နောက် ပန်းခင်းအနှံ့ နှစ်ဦးသား စကားတစ်ပြောပြောနဲ့
ခြေဆန့်ကြတော့၏။

Yours [Completed]Where stories live. Discover now