24

1.1K 219 8
                                    

အချိန်အတော်လင့်သည်အထိ လှုပ်ရှားခဲ့တာကြောင့်
မနက်ပိုင်းတွင် Luhan အိပ်ရာမထနိုင်တော့ချေ။

Sehun သည်ပင် တာဝန်ထမ်းဆောင်ရန် သွားဖို့ရာ
မနည်း ကြိုးစားခဲ့ရသည်။

အိပ်ရာနဲ့ပဲ ကပ်နေချင်သည်အထိ
အပျင်းတစ်နေမိသေးတာဖြစ်၏။

ဝတ်စုံကို လဲလှယ်ဝတ်ဆင်ကာ ကိုင်ဆောင်နေကျဓားကို
ယူ၍ အပြင်ထွက်မလို့ ပြင်နေတုန်း
Luhan က နိုးလာခဲ့သည်။

"အရှင့်....သား...."

အိပ်ရေးမဝသေးသည့်အပြင် လည်ချောင်းတွေကပါ
ခြောက်ကပ်နေတာကြောင့် Luhan အသံက ခပ်တိုးတိုး။

"နိုးသွားတာလား...."

Shixun က အလိုက်သိစွာပင် ကြွေခွက်ထဲ
ရေနွေးနွေးတစ်ခွက်ငှဲ့ထည့်ကာ အနားရောက်လာ၏။

Luhan မှာ အိပ်ရာထက်မှ
ခပ်ဖြည်းဖြည်းလေးထိုင်လိုက်ကာ
Shixun ၏ အကူအညီဖြင့် ရေသောက်လိုက်သည်။

"ကိုယ်အလုပ်သွားတော့မယ်။ ပြန်နားလိုက်ဦး။"

နဖူးထက်လာစမ်းသော လက်ဖဝါးထက်မှ
နွေးထွေးခြင်းက Luhan တစ်ကိုယ်လုံးထံ ပျံ့နှံ့ သွားသည်။

"ကျနော့်ကို စိတ်ဆိုးနေသေးလားဟင်?"

Shixun ၏ အင်္ကျီစကို လက်ဖျားလေးဖြင့်  ဆွဲထားကာ
မေးမြန်းလာသည့်စကား။

Shixun က သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ..

"နောက် အဲ့သလိုတွေ မတွေးရင်၊ မပြောရင်ရပြီ။"

"ဟုတ်ကဲ့ပါ....."

"အင်း....လိမ်မာတယ်။"

Luhan ၏ မေးဖျားကို ဆွဲပင့်ကာ
Shixun က နှုတ်ခမ်းထက်သို့ အနမ်းခြွေသည်။

အကြာကြီး ဖိကပ်ထားပြီးကာမှ ပြန်ခွာသွားပြီး
လတ်ဆတ်နွေးထွေးသော အပြုံးတစ်ပွင့်ကိုလည်း
အပ်နှင်းလာခဲ့သည်။

"အရှင့်သား...."

"အင်း...."

"နောက်များလည်း ကျနော်အပြစ်လုပ်မိရင်
ညကလို အပြစ်ပေးမှာလား?"

Shixun မှာ ရုတ်တရက်မလို့ ဘာဖြေရမလဲမသိတော့ပေ။

"ကျနော် အရှင့်သားကို မကြောက်မှာ မလေးစားတော့မှာ
မပူဘူးလား။
အဲ့လိုဆိုရင် အားလုံးက အရှင့်သားက
ကြင်ယာတော်ကိုတောင် အာဏာမလွှမ်းမိုးနိုင်ဘူးလို့
အပြစ်ပြောကြလိမ့်မယ်။"

Yours [Completed]Where stories live. Discover now