41

1.2K 203 39
                                    

luhan က မနက် အရုဏ်တက်ချိန်လောက်မှာပင်
အိပ်ရာနိုးလာခဲ့သည်။

သူ၏ နဖူးစက်ကလေးများမှာ ချွေးတို့ စို့နေခဲ့ပြီး
လည်ချောင်းမှာလည်း အတန်ငယ်ခြောက်ကပ်ကပ်။

ကြည့်စရာမလိုအောင် သေချာနေခဲ့သည်ကတော့
သူ၏ ဘောင်းဘီနေရာတချို့တွင် စိုထိုင်းနေခြင်းပါလေ။

အမှန်ပင် သူအိပ်မက်မက်ခဲ့ခြင်းဖြစ်၏။

အိပ်မက်ထဲတွင် သူနှင့် Shixun မှာ
သဲဖြူဖြူတို့ခင်းကျင်းထားသည့်
ပင်လယ်ကမ်းစပ်နေရာတွင် ပူးကပ်လူးလှိမ့်နေခဲ့ကြ၏။

သူ၏ ခန္ဓာကိုယ်သည် အဝတ်ကင်းမဲ့နေမှုကြောင့်
သဲမှုန်ကလေးများ ကပ်တွယ်နေလျက်။

Shixun က သူ၏ လက်မောင်းထက်မှ
သဲမှုန်ကလေးများအား လက်ညှိုးလေးဖြင့် ခပ်ဖွဖွ
သပ်ချပေးနေခဲ့သည်။

Shixun သည် လိမ္မော်ရောင် ပဝါပါးပါးတစ်ခုကိုသာ
ခါးမှာ ခပ်လျှောလျှော ပတ်ထားသည်ကြောင့်
သူ၏အပေါ်ပိုင်းမှာ လစ်ဟာနေ၍ ကြွက်သားများကမူ
စွဲမက်ဖွယ်ကောင်းစွာ အလှပြနေကြသည်။

ထိုအောက်ပိုင်းတွင်တော့ ပါးလွှာသောပဝါအောက်မှ
ယောက်ျားဂုဏ်ရည်။

Luhan က တစ်ခုချင်း ပုံပြန်ဖော်ကြည့်နေကာ
နှလုံးသားတစ်ခုလုံးကလည်း ဒုန်းဆိုင်း ခုန်ပေါက်လာခဲ့၏။

အသွေးအသားထဲမှပင် တောင့်တနေမှုကြောင့်
သူအသက်မျင်းမျင်းသာ ရှူနိုင်သည်။

Luhan က Shixun ခေါင်းအုံးထက်သို့ မျက်နှာအပ်ချကာ
ထိုသူ၏ ကိုယ်သင်းရနံ့ အကြွင်းအကျန်ကလေးကို
အမိအရ ရှူရှိုက်သွင်းပစ်လိုက်သည်။

ထိုနှင့်အတူ ခေါင်းအုံးထက်သို့
သူ၏ မျက်ရည်စက်များမှာလည်း
ကျဆင်းလာလေတော့၏။

သူလွမ်းရလို့ ရူးတော့မှာပါပဲ။

______________________

"ကြင်ယာတော်...."

Luhan က ကြေးမုံပြင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ
ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။

Xiao Xiang နဲ့ ရှန့်ကုံးကြီးတို့က စိတ်ပူသော
မျက်ဝန်းများဖြင့် သူ့အားကြည့်လာခဲ့ပြီး....

Yours [Completed]Where stories live. Discover now