26

1K 187 7
                                    

ညမီးရောင်သဲ့သဲ့နဲ့အတူ Shixun စိတ်များက
လွင့်ပြယ်နေတာ ဘယ်လိုမှ စုစည်းမရ။

လက်ဝဲအမတ်ကြီး၏ စကားလုံးများထံ၌သာ
သူ့အာရုံများ ရောက်နေတာကြောင့် အိပ်ပျော်ဖို့
ကြိုးစားမရပေ။

ဘယ်လိုလုပ်ရပါ့မလဲ?

သူလည်း လောဘရှိသော လူသားပေမို့
အခွင့်အရေးများကြုံရသည့်အခါ စိတ်မယိုင်ဘဲ မနေ။

တစ်သက်လုံး မရရှိခဲ့ဖူးသည့် အခွင့်အာဏာများ။

မိမိကြုံခဲ့ရတာတွေအတွက် လက်တုံ့ပြန်ဖို့
ဆွဲယူလိုက်ရမလား?

အဆုံးစွန်ထိ လက်တုံ့ပြန် ယုတ်မာပစ်ချင်သည့်စိတ်နဲ့
အေးအေးလူလူပဲ နေချင်မိသည့်စိတ်က
လွန်ဆွဲနေတာဖြစ်သည်။

တစ်သက်လုံး ခေါင်းငုံ့သည်းခံလာတာဟာ မနာတတ်လို့၊
မနာကျည်းတတ်လို့မှမဟုတ်တာ။

ကိုယ့်မွေးသမိခင်ရဲ့ အတ္တတွေအတွက်
ကိုယ်တိုင်ရဲ့ မသိဘဲ ပြုမိသည့် အပြစ်တို့အတွက်သာ
သည်းခံခဲ့ခြင်း။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာ Shixun ၏
မကောင်းသောစိတ်များက
တို့တိတို့တိ ထွက်ပေါ်လာသည်။

အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ရမလား?

သူတို့ တစ်ခါမှ လူရာမသွင်းခဲ့ဖူးသည့် ကိုယ့်ကို
*ဧကရာဇ်*လို့ခေါ်ပြီး ဂါရဝပြုရမယ့်နေ့မျိုး၊
ကိုယ့်ကို မျက်လုံးလှန်မကြည့်ရဲအောင်
ဖိနှိပ်ခံရမယ့်နေ့ရက်မျိုး ဖန်တီးပေးလိုက်ရမလား?

ဟင့်အင်း....ဘာတွေ တွေးနေတာလဲ?

သူတစ်ဘဝလုံး တောင့်တခဲ့တာ ဒီလိုဟာမျိုးမှ မဟုတ်ဘဲ။

ခေါင်းခါထုတ်ပစ်ကာ မဟုတ်မဟပ်အတွေးများအား
လွှင့်ပစ်ထုတ်လိုက်သည်။

"အရှင့်သားးး "

Shixun နံဘေးမှ အသံကြောင့် အတွေးစများ
ပြတ်တောက်သွားကာ အလိုလို ငုံ့ကြည့်မိရသည်။

"အိပ်မပျော်ဘူးလား? ဘာဖြစ်လို့လဲဟင်?"

"ဘာမှမဖြစ်ပါဘူး။ ကိုယ်အိပ်တော့မယ်နော်။"

နံရံကို မှီထိုင်နေရာကနေ Shixun လှဲလျောင်းလိုက်တော့
Luhan က ရင်ခွင်ဆီ တိုးလာသည်။

Yours [Completed]Where stories live. Discover now