8

1.2K 246 16
                                    

Qi Qi ရောက်လာသည့်နေ့မှစ၍
အမြဲတမ်း အိပ်ဆောင်နှင့် အိပ်ဆောင်အပြင်ဘက်တွင်သာ
တစ်နေကုန် အချိန်ဖြုန်းလေ့ရှိသူ Luhan တစ်ယောက်
မီးဖိုဆောင်ကိုပင် ခဏခဏလာရောက်ချေတော့၏။

ပထမက Qiqi အတွက် အစားအသောက်ယူကျွေးဖို့ဖြစ်ပြီး
နောက်တော့ မီးဖိုဆောင်မှာ အမှုထမ်းတွေက
လူစုကာ ဟိုဟိုဒီဒီလျှောက်ပြောကြသည်များကြောင့်
သွားနေမိခြင်းပင်။

ကြောင်အတွက် အစားအသောက်များကို
လာပို့မယ့်သူလည်းရှိပါလျက် Xiao Xiang ကိုလည်း
ယူခိုင်းလို့ရပါလျက် Luhan က ချက်ပြုတ်ခ်ျိန်ဆိုလျှင်
ကြောင်လေးပွေ့ကာ ထိုအဆောင်ဘက်သွားနေမြဲ။

အထိန်းတော်ကြီးကိုယ်တိုင် မီးဖိုဆောင်ကို ဦးစီးလျက်
ချက်ပြုတ်နေတာဖြစ်သည်မလို့
ထိုနေရာမှာ စည်းကားနေလေသည်။

အကြောင်းမှာ အထိန်းတော်ကြီးမှာ ဗဟုသုတကြွယ်ကာ
ဟာသဥာဏ်ရွှင်သူဖြစ်တာကြောင့်
အားလုံးက သူ့အနားမှာ ဝိုင်းနေတတ်သည်။

ဦးစွာတုန်းက Luhan ရောက်လာလျှင်
အကုန်လုံး ပြာယာကုန်ကာ သက်သောင့်သက်သာမရှိဖြစ်သွားကြပေမယ့် Luhan ၏ ဖော်ရွေတတ်မှုနဲ့
နှိမ့်ချတတ်မှုကို သေချာသိကုန်ကြပြီးသည့်နောက်တော့
ထိုသို့ မဖြစ်ကြတော့ပေ။

အကြာကြီးအတူနေခဲ့တဲ့ မိတ်ဆွေများသဖွယ်
တရင်းတနှီး။
သို့သော် ရိုင်းပျတာမျိုးမရှိကြ။

ယခုလည်း မီးဖိုဆောင်ရှေ့က ကွပ်ပျစ်ပေါ်မှာ
Xiang အပါအဝင် အမှုထမ်းအားလုံးက
အထိန်းတော်ကြီးဘေးတွင် ဝိုင်းထိုင်နေကြသည်။

Luhan ကတော့ ဘေးနားရှိ ခုံတစ်လုံးမှာ
Qiqi ကို ပိုက်ရင်း ထိုင်နေ၏။

ခြံထဲတွင်လည်း အထိန်းတော်ကြီး၏ ပုံပြောသံကသာ
ထွက်ပေါ်လျက်။

"ဟာ....အထိန်းတော်ကြီးကလည်း....
နတ်သားနဲ့လူသားနဲ့ ညားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။"

ပုံပြင်ဆုံးသည်နှင့် ထိုကဲ့သို့ ငြင်းခုန်ဖို့ရာ
စတင်ကြလေသည်။

"ဖြစ်နိုင်လို့ပြောတာပေါ့ဟဲ့။"

"ဟ...ပုံပြင်ပါဆိုမှ စိတ်ကူးယဉ်ဆန်တာပေါ့။
ဘယ်လိုလုပ် အပြင်မှာဖြစ်နိုင်မလဲ?"

Yours [Completed]Where stories live. Discover now