25

1K 227 5
                                    

"ရော့ ..... အပူငွေ့လေးရှိတုန်း
ပန်းကန်ထဲ လှယ်ထည့်လာခဲ့။"

Shixun က မုန့်ချိုထည့်လာသော စက္ကူအိတ်ကို
အစေခံတစ်ယောက်ဆီ ပေးလိုက်ကာ
Luhan ရှိနေသည့် ဥယျာဉ်တော်ဘက်
ခြေဦးတည်လိုက်သည်။

ဥယျာဉ်တော်၏ ၃ပုံ ၁ပုံသည် အပင်များနှင့်
ပြည့်နှက်နေပြီဖြစ်၏။
ဤသည်မှာလည်း ကြင်ယာတော်၏ ကျေးဇူးကြောင့်ပင်။
သူတာဝန်ယူကာ နည်းနည်းစီ ပြင်ဆင်နေခဲ့တာကြောင့်
အခုလောက်ထိ ပြည့်စုံသွားရခြင်း။

သစ်သားခုံတန်းနံဘေးတွင် ပုံ့ပုံ့ကလေးထိုင်ကာ
ပန်းပင်ပျိုးနေသော ကြင်ယာတော်ကလေးအား
လှမ်းမြင်လိုက်ရလျှင် Shixun နှုတ်ခမ်းတို့
အလိုလို ကွေးညွှတ်သွား၏။

အလုပ်ပင်ပန်းခဲ့သမျှ  အမောတွေ ပြေရပါသည်။

"ဒီအပင်မျိုးက ဘာအရောင်ပွင့်မလဲ မသိဘူးနော်။"

"အဖြူရောင်ထင်တာပဲ ငါတော့။"

Xiao Xiang က Luhan နဲ့စကားပြောနေရင်း
Shixun ကို လှမ်းမြင်တာနဲ့ အသာအယာ
အနောက်ကို ဆုတ်ခွာသွားသည်။

Luhan ကတော့ သူ့ဟာသူ ပန်းပင်ကို ကရားနဲ့
ရေဖျန်းနေရတာကြောင့် သတိမမူမိ။

"ကိုယ်ကူရဦးမလား?"

"ဗျာ?"

နောက်ကျောဘက်မှ ထွက်ပေါ်လာသော
Shixun အသံကြောင့် Luhan က ဆတ်ကနဲပင်
လှည့်ကြည့်လာခဲ့သည်။

နန်းစောင့်တပ်ကို ဦးစီးရကတည်းက
Shixun အိမ်တော်ကို စောစောပြန်ရသည့်အဖြစ်က
သိပ်ရှားလွန်းသည်။
ထို့ကြောင့် သည်အချိန်ကြီး
အိမ်ပြန်လာတာကို မြင်ရတော့ အံ့သြဝမ်းသာဖြစ်လျက်။

"အိမ်ပြန်လာတာလားဟင်?"

"အင်းပေါ့..."

"ဒါဆို....ညစာ အတူစားလို့ရပြီပေါ့နော်။"

"သေချာပေါက်ပဲ။"

Luhan က ဟန်မဆောင်နိုင်အောင် ပြုံးပျော်နေလေသည်။

ယခင်နေ့များကဆိုလျှင် Shixun က Luhan အား
စောလျင်စွာ ညစာသုံးဆောင်ထားခိုင်းကျ။
အချိန်မမှန်သည့်၊ ပြန်လာမည့်အချိန်
အတိအကျမပြောနိုင်သော Shixun ကို စောင့်နေလျှင်
သူလေး နေမကောင်းဖြစ်မည်ကို ကြောက်သဖြင့်
အမြဲ ထမင်းစားခိုင်းထားရသည်။

Yours [Completed]Where stories live. Discover now