~1~

29.5K 1.6K 374
                                    

#Unicode
အကယ်၍များ တောင်ကိုရီးယားနိုင်ငံ၏ သမိုင်းကြောင်းတွေကို စိတ်ဝင်စားလို့  ပြန်ရှာဖွေ ဖြစ်ကြမယ်ဆိုပါစို့။

ဒါဆို ထိုခေတ်အခါတုန်းက ကိုယ်ပိုင်ထီးနန်းနဲ့အုပ်ချုပ်စိုးစံသည့် ရှင်ဘုရင်သမိုင်းကြောင်းကလည်း မပါမဖြစ်ပင်။
သြဇာပြည့်ဝသော ဘုရင်မင်းမြတ်၏ အုပ်ချုပ်မှုဖြင့် ဂျိုဆွန်းခေတ်မှသည် ပြောင်းလဲလာခဲ့သည့် ခေတ်အဆက်ဆက်ဟာလည်း ယခုဆိုခေတ်မှီတိုးတက်သောမြို့ပြစနစ်ဖြင့် ​ပိုမိုလှပလို့လာခဲ့ပြီ။

သို့သော် ယနေ့လို မျက်မှောက်ခေတ်ကာလမှာလည်း နန်းတွင်းဘုရင်တွေနဲ့ဆွေမျိုးတော်စပ်မှုက်ို ခေတ်အဆင့်ဆင့်ဆက်ခံရင်း ဂုဏ်ဒြပ်ကို ထိန်းထားကြသည့် တော်ဝင်မိသားစုတွေလည်းရှိကြသေးသည်။
အသုံးအဆောင်နဲ့အဝတ်အစားတွေက ခေတ်မှီသော်လည်း ရှေးယခင်က ရိုးရာပုံစံနဲ့အတွေးတွေကိုတော့ အစဥ်အလာမပျက်ထိန်းသိမ်းထားကြသည့် တော်ဝင်မိသားစုတွေကို ပြပါဆိုလျှင် မျိုးရိုးမြင့်ကာ ဂုဏ်အရှိန်အဝါကြီးသည့် ကင်မ်မိသားစုလည်း အပါအဝင်ဖြစ်၏။

တော်ဝင်မိသားစုဆိုသည့်အတိုင်း ချမ်းသာကြွယ်ဝမှုမှာလည်း မဆုံးနိုင်သလို ဂုဏ်သတင်းမွှေးပျံ့မှုကလည်း ကိုရီးယားနိုင်ငံထဲ မသိတဲ့သူမရှိသလောက်အနေအထားဖြစ်၏။
ထိုမိသားစုထဲမှာမှ အားလုံးရဲ့အာရုံစိုက်မှုကို အထူးခံရသည်က အငယ်ဆုံးသား ကင်မ်ထယ်ယောင်းပင်..။

နတ်ဘုရားတစ်မျှချောမောသည့်မျက်နှာကျအပြင် ဣထိယ မိန်းမပျိုတွေပါ ငေးမောအားကျရလောက်တဲ့ သေးသွယ်သွယ် ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားသေး၏။
ဒါကြောင့် မင်းသားလေး ထယ်ယောင်းဆိုသည့် နာမည်အပြင် အလှနတ်ဘုရားထယ်ယောင်းဟူသော နာမည်နဲ့ပါ ကျော်ကြားလို့နေ၏။

မင်းသားငယ်ထယ်ယောင်းရဲ့လှပသည့် အစ်ိတ်အပိုင်းတွေထဲကမှ တစ်ခုဖြစ်သော စိမ်းဖန့်ဖန့်မျက်ဝန်းတွေဟာ  အထူးခြားဆုံးပင်။
ထိုမျက်ဝန်းတွေနဲ့ကြည့်သည့် အကြည့်တစ်ချက်က တစ်ဖက်လူရဲ့အာရုံတွေပျောက်ဆုံးသွားအောင်ထိ ပြုစားနိုင်၏။

မွေးရာပါ စိမ်းဖန့်နေသော ထိုမျက်လုံးတစ်စုံ၌ ထင်ဟပ်နေသော မာနတရားတို့က အလှနတ်ဘုရားလေးကို ပို၍ ပြီးပြည့်စုံစေသည်။

Gorgeous Kim (Completed)Where stories live. Discover now